Part-72(ကိုကိုကဆိုးတယ် ရွက်စိမ်းလေးကိုကို့ညီလေးမလုပ်ချင်တော့ဘူး..)

Start from the beginning
                                    

"လေးလေးကောင်း ရွက်စိမ်းဖရဲသီးလေး ကုန်
သွားပြီရော..နည်းနည်းထပ်စားလို့မရဘူးလားဟင်
ရွက်စိမ်းလေးက စားချင်သေးလို့ရယ်.."

အသားမရှိတော့သော ဖရဲသီးအခွံလေးကိုကိုက်ကာ
မျက်တောင်လေးများ ပုတ်ကလက် ပုတ်ကလက်
လုပ်ကာပြောလာပုံက အရင်နှစ်များက ၅နှစ်သား
လေးကိုမြင်နေရသလိုပင်။ ဦးကောင်း ချောင်းသာ
အသာဟမ့်လိုက်မိသည်။ လူလည်လေးက သူ့ကို
အလိုလိုက်အောင် ဘယ်လိုလုပ်ရမှန်းသေချာသိ
သည်။

သို့သော် သူလိုက်ရောလို့လည်းမဖြစ်ပေ မကြာခင်
ညနေစာစားရတော့မည်ဖြစ်သောကြောင့် ဖရဲသီး
ထပ်စားလိုက်ပါက ကောင်လေးက ထမင်းစားနိုင်
တော့မည်မဟုတ်ပေ။ ဦးကောင်း၏ အငြင်းစကား
မှာလည်း မျှော်လင့်ချက်ဖြင့်ပြည့်နေသောမျက်လုံး
ဝိုင်းကြီးများကြောင့် လမ်းပျောက်နေရသည်။

သို့သော် ဦးကောင်းသည်တစ်စုံတစ်ခုအားတွေးမိ
သောအခါ ပြုံးကာပြောလိုက်သည်။

"ရွက်စိမ်းလေး ဒီလိုလုပ်ပါလား သခင်လေးသစ်မိုးအိမ်
ပြန်လာမှတူတူစားရင်ရော သခင်လေးသစ်မိုးအိမ်က..
ဟိုနေ့က ဖရဲသီးစားချင်နေတယ်လို့ ပြောတာ
လေးလေးကောင်း ကြားလိုက်သေးတယ်.."

"အွင်..? ကိုကိုကလား.."

ဦးကောင်း ခေါင်းငြိမ့်ပြလိုက်သည်။ သခင်လေးက
တော့ ရွက်စိမ်းလေးကို ကောင်းကောင်းဖြောင်းဖျ
နိုင်ကောင်းပါရဲ့..။ ထိုစဉ်မှာပင် အောက်ထပ်မှ
ကားသံသဲ့သဲ့ ကြားလိုက်ရသောကြောင့် ဦးကောင်း
ချက်ချင်းပင်ပြုံးလိုက်ကာ ပြောလိုက်၏။

"သခင်လေးသစ်မိုးအိမ် ပြန်လာပြီထင်တယ်.."

ဦးကောင်းထိုသို့ ကောက်ချက်ချနိုင်ခြင်းမှာ သခင်ကြီး
က သူ့သူငယ်ချင်းများနှင့်အတူရက်အနည်းငယ်ခရီး
ထွက်သွားသောကြောင့်ဖြစ်သည်။ အတွင်းရေးမှူး
မိုးဝေ ကတော့ သခင်ကြီးနှင့်အတူပါသွား၏။

"ကိုကိုပြန်လာပြီ.."

ချက်ချင်းပင် ပါးချိုင့်ကြီးများပေါ်အောင်ပြုံးကာ
တက်ကြွစွာ အောက်ထပ်ကိုပြေးဆင်းသွားသော
ကြောင့် ဖြည်းဖြည်းဆင်းရန် လှမ်းပြောလိုက်ရင်း
ဦးကောင်း ခေါင်းသာအသာခါမိတော့သည်။

Clover your'e my clover[Completed]Where stories live. Discover now