ထို့ကြောင့် သူယောင်းယီကို ကာကွယ်ပေးနိုင်သည်ဟုပြောသည့်အခါ အလေးအနက်ပြောခြင်းဖြစ်သည်။သို့သော် ထိုစကားလုံးများသည် တစ်ဖက်လူ၏နားထဲတွင်တော့ အနည်းငယ်အထင်လွဲစရာဖြစ်မည်မှာ မလွဲဧကန်ဖြစ်သည်။

ထိုစကားများကိုကြားလိုက်ရသည့်အခါ၊
ယောင်းယီ၏မျက်လုံးများမှာ
ဖြည်းဖြည်းချင်းအဝေးဆီသို့ရွေ့သွားပြီး အန်းလင်၏သူ့ကိုအဖော်ပြုပေးမည့်
ကမ်းလှမ်းချက်ကို ရှောင်ရှားလိုက်သည်။
သို့သော် ထိုအစား ထပ်ကာ၊ထပ်ကာ
ကျေးဇူးတင်ခဲ့သည်။
သူ၏ဖုန်းကိုထုတ်ကာ အန်းလင်ကို
Wechat နှင့် QQ [1] တွင်
အပ်လိုက်ပြီးနောက်၊ သက်တောင့်သက်သာဖြင့်
ကျောကိုနောက်သို့မှီကာ၊သူ၏ကော်ဖီနှင့်မုန့်များကို နှစ်ခြိုက်စွာစားသောက်တော့သည်။

[1] ချက်ချင်းစာပို့လို့ရတာမျိုးပါ၊တရုတ်က
နာမည်ကြီးတဲ့ Social Media တွေထဲကတစ်ခုပါ။

အန်းလင်လည်း ဘာမှမထည့်ထားသည် ကော်ဖီကြီးကို ကသိကအောက်ဖြစ်စွာနှင့်
သောက်လိုက်သည်။
အရသာမှာဆိုးဝါးလှသည်။
ခါးသက်သည့်အရသာကြောင့်
မျက်ရည်များကျလုမတတ်
သီးခဲ့ရသော်လည်း၊ထိုမျက်ရည်များကို ပြန်မသုတ်ဖြစ်ပေ။ထိုအစား အရူးတစ်ယောက်လိုပြုံးရင်း ယောင်းယီကိုကြည့်နေခဲ့သည်။

ယခုပုံရိပ်တစ်ခုလုံးမှာတကယ်ကို
ရယ်ချင်စဖွယ်ဖြစ်သည်။

တကယ်ကိုရိုးသားဖြူစင်သည့် လုံခြုံရေးအစောင့်ကြီးကိုကြည့်လိုက်မိချိန်၊
ယောင်းယီ၏နှလုံးသားထဲမှ ပျော်ရွှင်မှုသည် ဖြည်းဖြည်းချင်းစီ ပျောက်ကွယ်သွားပြီး လေးလံသည့်အပြစ်စိတ်ကြီး
အစားထိုးလာခဲ့သည်။
သူကိုယ်သူပြုံးရန်ဖိအားပေးပြီး သူ၏အသိတရားမှပြောဆိုနေသည့်
ခံစားရခက်သော ခံစားချက်များကို ဖိနှိပ်ရင်း အန်းလင်နှင့်စကားပြောနေလိုက်သည်။
နေ့လည်အနားယူချိန်ပြည့်သွားတော့မှသာ စကားပြောတာကိုရပ်တန့်ခဲ့သည်။

""နောက်တောင်ကျနေပြီဘဲ။လူကြီးမင်းအန်း
ပြန်ကြရအောင်လေ။ ဒီတစ်ကြိမ်တော့ ခင်များကို
တကယ်အလုပ်နောက်ကျစေခဲ့ပြီ။
အခုအလုပ်နောက်ကျတဲ့ကိစ္စနဲ့ပတ်သတ်လို့ ခင်များကိုတစ်ယောက်ယောက်ကပြောခဲ့မယ်ဆိုရင်၊ကျွန်တော့်ကိုပြောပြဖို့မမေ့ပါနဲ့၊ကျွန်တော်
ခင်များအစားရှင်းပြပေးပါမယ်""

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now