Chapter - 60

2.7K 454 27
                                    

Unicode

၉၉၆။ အရှက်တရားဘယ်မှာလဲ?
___________________

သူကိုင်ထားတာကိုမြင်တဲ့အခါ နဉ်ရှု ခဏလောက်တော့ အံ့အားသင့်သွားသည်။ သူမမြင်တာသာမှန်ရင် ဒါက စစ်တပ်အမိန့်တံဆိပ်တုံးပဲဖြစ်ရမယ်။

သူ့မှာ ဒီလိုဟာမျိုး တကယ်ကြီးရှိနေတယ်ပေါ့?

ရွှမ်ရှောင်ထျန်းက သူ့ကို အသည်းအသန်ရှာနေတာ အံ့ဩစရာမရှိတော့ဘူး။ ဒါက ရှန်ကွမ်းချင်းရော့ကြောင့်တင်မဟုတ်ဘဲ ဒီတံဆိပ်တုံးအတွက်ပါဖြစ်နေတာကိုး။

နဉ်ရှုက သူမတို့ရဲ့ နောက်ထပ်ဦးတည်ရာဖြစ်သည့် ကျန်းစီရင်စုဆီဦးတည်လိုက်သည်။

နေ့တိုင်း ဒီလိုပြေးလွှားနေရတာက နဉ်ရှုကို သူမ အသက်အရမ်းကြီးသွားပြီလို့ ခံစားလာရစေသည်။ သူမရဲ့လက်တွေက အစတည်းကကြမ်းပြီးသားဆိုပေမယ့် အခုတော့ မျက်နှာသစ်တိုင်း ယားကျိကျိဖြစ်လာစေသည်အထိ ပိုကြမ်းလာခဲ့ပြီဖြစ်သည်။

နဉ်ရှု နည်းနည်းရှုပ်ထွေးနေခဲ့သည်။ ရွှမ်ဟုန်ယွီက သေပြီလို့ကြေညာခံထားရပြီးပြီလေ၊ ဒီတော့ သူ့မှာ စစ်တပ်အမိန့်တံဆိပ်ရှိနေတော့ရော ဘာအဓိပ္ပာယ်ရှိမှာတုန်း?

ပထမတော့ နဉ်ရှုက မေးချင်ခဲ့တာဖြစ်သော်ငြား နောက်တော့ ဒီလျှို့ဝှက်ချက်တွေအကြောင်းကို မမေးတာအကောင်းဆုံးပဲလို့ သူမ ခံစားလိုက်ရသည်။

ကြည့်ရတာတော့ ရွှမ်ဟုန်ယွီသည်လည်း မြို့တော်ကိုပြန်သွားဖို့ကို ဇွတ်အတင်းကြီးလုပ်မနေတော့ပါချေ။ နဉ်ရှုက ရွှမ်ဟုန်ယွီ့အတွက်ဆေးကျိုတိုင်း ရွှမ်ဟုန်ယွီ ဖြည်းဖြည်းချင်းပြန်ကောင်းလာစေဖို့အတွက် ဖြေဆေးနည်းနည်းစီထည့်တတ်သည်။

သူ့ကိုယ်ပေါ်က အနာတချို့က အနာဖေးတွေတက်လာတာကိုမြင်တဲ့အခါ ရွှမ်ဟုန်ယွီ နည်းနည်းအံ့အားသင့်သွားသည်။ အခေါင်းထဲ ခြေတစ်လှမ်းချပြီးနေတဲ့အထိ အသက်ကြီးနေတဲ့သမားတော်ကြီးက တကယ်ပဲအရည်အချင်းရှိတယ်လား?

နောက်ဆုံး သူမတို့ ကျန်းစီးရင်စုကိုရောက်ပြီးနောက်တွင် ရွှမ်ဟုန်ယွီက ကျန်းစီရင်စုက စစ်အင်အားကိုယူဖို့ နည်းလမ်းတစ်ချို့သုံးလိုက်ပြီးနောက် သူက သူ့ရဲ့နယ်စားမင်းသားဆိုတဲ့အဆင့်အတန်းကိုအသုံးချကာ ရွှမ်ရှောင်ထျန်းကို မေးခွန်းထုတ်တော့သည်။ မိဖုရားကြီးဖြစ်တဲ့ရှန့်ကွမ်းချင်းရော့က ကိုယ်ကျင့်သိက္ခာကင်းမဲ့ပြီး တိုင်းပြည်ရဲ့မိခင်မဖြစ်ထိုက်ဘူးလို့ သူကပြောသည်။ သူက ဒီမိဖုရားကြီးကို ဖယ်ရှားပေးဖို့ တောင်းဆိုသည်၊ မဟုတ်ရင် သူက ကျန်းစီရင်စုစစ်တပ်နဲ့ မြို့တော်ကို တိုက်ခိုက်မည်ဟူ၏။

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]Where stories live. Discover now