Chapter - 42

2.1K 408 20
                                    

Unicode

၉၇၈။ တကယ်တော့ သခင့်ကိုကယ်ဖို့ ကျွန်မ ဒီကိုလာတာ
_________________

နဉ်ရှုက အိတ်ကိုမကာ ပခုံးပေါ်တင်လိုက်သည်။ ရေနံမီးအိမ်တစ်လုံးကိုဆွဲပြီးနောက်တွင်တော့ သူမက ခါးကိုင်းကာ လိုဏ်ခေါင်းအတိုင်းလျှောက်သွားတော့သည်။

လိုဏ်ခေါင်းထဲမှာ မတ်မတ်ရပ်ဖို့က မဖြစ်နိုင်ပေ။ နဉ်ရှုမှာ သူမရဲ့ခါးလေးကျိုးတော့မယ်လို့ ခံစားနေရရှာ၏။

အိတ်ကိုသယ်ရတာ ပင်ပန်းလွန်းလာတဲ့အခါမှာတော့ သူမက အိတ်ကို မြေကြီးပေါ် တရွတ်တိုက်ဆွဲတော့သည်။ သို့သော်ငြား နောက်ဆုံးတော့ သူမ လမ်းဆုံးကိုရောက်ခဲ့ပြီဖြစ်၏။

သူမအထက်မှာ ထုံးကျောက်ပြားတွေရှိနေသည်။ နဉ်ရှုက ကျောက်ပြားကို ခပ်ပြင်းပြင်းလေးတွန်းတင်လိုက်သော်ငြား သူမ မနိုင်လိုက်သည်နှင့် တစ်စုံတစ်ယောက်က ကျောက်ပြားကို ဖိနင်းလာသည်။

နဉ်ရှု လန့်သွားသည်။ သူမကို တစ်ယောက်ယောက်တွေ့သွားတာများလား?

ခဏအကြာတွင် နဉ်ရှုက ကျောက်ပြားကို နည်းနည်းလေးဟသွားအောင်တွန်းလိုက်ပြန်သည်။ တိမ်လွှာပုံတွေချည်ထိုးထားတဲ့ဖိနပ်တစ်စုံကို သူမ အဟလေးကြားမှတွေ့လိုက်ရသည်။

"ဒီကြွက်ကြီးက ဘယ်ကရောက်လာတာတုန်း?"

ရွှမ်ဟုန်ယွီက ထုံးကျောက်ပြားကို ပြန်နင်းချသည်။

နဉ်ရှု : ...

"သခင်၊ ဒီငယ်သားပါ။ ကျေးဇူးပြုပြီး မနင်းပါနဲ့တော့။"

နဉ်ရှုက ကျောက်ပြားကို ဘေးဘက်ဆီအားနဲ့တွန်းဖယ်လိုက်ပြီး လိုဏ်ခေါင်းထဲမှမတက်ခင် အိတ်ကို အရင်ပစ်တင်၏။

နဉ်ရှုကိုမြင်သည်၌ ရွှမ်ဟုန်ယွီက အံ့ဩသွားဟန်ဖြင့် မျက်ခုံးပင့်လေသည်။

"မင်းက အခုထိမသေသေးဘူးလား?"

နဉ်ရှု : ...

ဘာကြောင့်မှန်းမသိပေမယ့် သူမ သူ့ကို တကယ်ရိုက်ချင်တယ်။ သူက အရိုက်ခံရဖို့လိုနေပုံပဲ။ ထင်တဲ့အတိုင်းပဲ၊ သူ့အသေခံစစ်သည်တွေရဲ့အလောင်းတွေ မြို့ရိုးမှာအချိတ်ခံထားရတာ သူသိတယ်။

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]Waar verhalen tot leven komen. Ontdek het nu