Chapter - 54

2.2K 419 20
                                    

Unicode

၉၉၀။ သန်မာနေပါ!
_____________

ရွှမ်ဟုန်ယွီ့မျက်ခုံးတွေက ခပ်တင်းတင်းတွန့်ကုပ်နေကာ သူ့မျက်နှာကြွက်သားတွေက တဆတ်ဆတ်တုန်နေ၏။ သူက လဲကျသွားတော့မလိုပင်။

"မင်း ငါ့ကို တစ်ခုခုလုပ်လိုက်တာ သေချာတယ်။"

"ဒီငယ်သား တကယ်မလုပ်ပါဘူး! ဒီငယ်သားက ဘာကြောင့် သခင့်ကို သစ္စာဖောက်တဲ့ကိစ္စမျိုးလုပ်မှာလဲ?"

နဉ်ရှုက အင်မတန်စိတ်အားထက်သန်နေသည့်အမူအရာဖြင့်ဆိုသည်။

"ပြီးတော့ ဒီငယ်သားမှာ အဲ့အရည်အချင်းလည်း မရှိပါဘူး။"

ရွှမ်ဟုန်ယွီ့မျက်ခုံးတွေက ခပ်တင်းတင်းစုကျုံ့နေကြသည်။ သူက ရှုံးနိမ့်သွားဟန်ဖြင့် ခေါင်းငုံ့လိုက်၏။ ဒီခေတ်မှာတော့ အနာကြီးရောဂါက သေစေနိုင်သည်။

"ကောင်းပြီလေ၊ ကိစ္စတွေက ဒီလိုဖြစ်နေပြီးမှတော့ ငါတို့ ပြန်သွားသင့်တယ်။ မြို့တော်ကို ပြန်မယ်။"

ရွှမ်ဟုန်ယွီက အရေးမစိုက်စွာဆိုသည်။

နဉ်ရှု : ဖူးးး...

သူက ကြာကြာအသက်မရှင်ရမှတော့ ရွှမ်ရှောင်ထျန်းဖမ်းတာခံပြီး ဒီရောဂါကို ရှောင်ထျန်းဆီလက်ဆင့်ကမ်းလိုက်ဖို့ကြိုးစားမယ်လို့ တွေးနေတာတော့ မဟုတ်လောက်ပါဘူးနော်?

နဉ်ရှုရဲ့နှုတ်ခမ်းတွေက တွန့်ကွေးသွားကာ သူမကဆိုသည်။

"မြို့တော်က အခု မလုံခြုံတော့ပါဘူး သခင်။ လောကကြီးထဲမှာ နတ်ဆေးသမားတော်တွေ အများကြီးရှိပါတယ်၊ သခင့်ရောဂါက သေချာပေါက် ပြန်ကောင်းလာမှာပါ။ သခင်၊ သခင် အနာကြီးရောဂါရသွားရင်တောင် ကျွန်မတို့ သန်မာနေရပါမယ်၊ သန်မာနေရပါမယ်!"

နဉ်ရှုက ရွှမ်ဟုန်ယွီ့ကို အားပေးလိုက်ပေမယ့် ရွှမ်ဟုန်ယွီကတော့ သူမကို အရေးမစိုက်သည့်အမူအရာဖြင့်သာကြည့်လာခဲ့သည်။

"မင်း ငါ့ကို အဆိပ်ခတ်လိုက်တာလား?"

သူက အနာကြီးရောဂါရှိတဲ့ဘယ်သူနဲ့မှ မထိတွေ့ခဲ့တာမို့ သူ့မှာ အနာကြီးရောဂါရှိနေတယ်ဆိုတာကိုယုံကြည်ဖို့ ရွှမ်ဟုန်ယွီက ငြင်းဆန်သည်။ သူက ဘယ်လိုလုပ် အနာကြီးရောဂါကို နေရင်းထိုင်ရင်းရုတ်တရက်ကြီးရလာနိုင်မှာလဲ?

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]Where stories live. Discover now