"ရား အတာမ ဘာလို့လာရိုက်တာတုံးဟ"

ဟန်သုတနှိုင်းက ရှုံ့ရှုံ့မဲ့မဲ့နှင့် အနောက်ကိုလှည့်မေးသည်။

"အေး ဘာလို့ရိုက်တယ်ထင်လဲ အမောင်ဟန်နှိုင်း"

"ဘယ်သိမှာတုံး"

အတာမက နောက်တစ်ကြိမ်ပြန်ရိုက်ဖို့ ရွယ်လိုက်ပြီးမှ စိတ်ထိန်းလိုက်ဟန်ဖြင့် မိုရှင်းနိုဘက် လှည့်လာကာ...

"နင့်သူငယ်ချင်းလုပ်ပုံကို ကြည့်ပါဦး ရှင်းနိုရယ်..မနေ့က ငါshoppingထွက်တော့ ဒီကောင်နဲ့ တွေ့တယ်လေ..အိမ်လည်း ပြန်ရောက်ရော ငါ့မှာ အရှက်တွေဗြန်းဗြန်းကွဲတော့တာပဲ"

"ဟင် ဘာလို့လဲ"

"ဘာရမလဲ..နင့်အကောင်က သူ့underwearပါကင်လိုက်ကြီးကို ငါ့အိတ်ထဲ မှားထည့်လာတယ်လေ"

"ခွီး.."

မိုရှင်းနိုက တခွီးခွီးနဲ့ ပွဲကျနေသလောက် ဟန်နှိုင်းကတော့ ဝမ်းသာအားရကြီးဖြင့်..

"သြော် အဲဒါ နင့်ဆီပါသွားတာလား..တော်သေးတာပေါ့..ငါက ပျောက်ပြီမှတ်တာ..ပြန်ယူခဲ့ပေးဦးနော်"

"ဟဲ့...."

အတာမ၏ ဒေါသတကြီးကျုံးအော်သံက အကျယ်ကြီးထွက်လာသည်။ ဟန်နှိုင်းကတော့ သွားလေးဖြီးလို့။

အဲလိုပဲ။
ဟန်သုတနှိုင်းဆိုတာ သူများမလွဲရင် သူကလွဲလိုက်ရမှ။

ဘာလို့မှန်းမသိဘဲ အလွဲအချော်တွေက သူ့ထံမှာသာ အများဆုံးဖြစ်နေတတ်သည်။ သူက လွဲရင်လွဲ၊ မဟုတ်ရင် သူများက သူ့ကို လာလွဲကြသည်ချည်းသာ။

တစ်ခါကလည်း အလှူတစ်ခုသွားလိုက်ရာ စားသောက်နေရင်း ရေလေးထသောက်မိတာ ပြန်ရောက်လာတော့ သူ့ထမင်းပန်းကန်က မရှိတော့။ စားပြီးပြီအထင်ဖြင့် ကောက်သိမ်းသွားကြခြင်းဖြစ်သည်။

ဗိုက်မဝသေးသော်လည်း ပြန်တောင်းစားလို့ကလည်း မဖြစ်တာကြောင့် အောင့်သက်သက်နှင့်ပင် မချိသွားဖြဲဖြင့် ထပြန်ခဲ့ရသည်ဟုဆို၏။ ထိုအကြောင်းကို ပြန်ပြောပြတော့ မိုရှင်းနိုမှာ ခွက်ထိုးခွက်လန်ရယ်တော့တာပင်။

"အိမ်ရောက်တော့ ငါ့အမေက ယောက်ျားဝတ်အတွင်းခံတွေမြင်ပြီး အဖေ့ကိုပါ ဖုန်းဆက်ပြီးတိုင်..ငါ့မှာ နှစ်ယောက်စလုံး တုတ်ကြိမ်းဓားကြိမ်းလုပ်တာ ခံလိုက်ရတယ်"

GreenHead {ခေါင်းစိမ်း}Where stories live. Discover now