ဒါကြောင့် အနက်ရောင်ဓားပျံအရှင်သခင်ဆိုရင် ရွှေရောင်နယ်မြေစွန်းကလူငယ်တိုင်းပင် သွေးများခမ်းကုန်သွားစေသည့်အထိ ကြောက်ရွံကျသည်၊ဒါပေမယ့် သူတို့ရှေ့က မြူခိုးများပျောက်ကွယ်သွားသည့်အခါမှာတော့ ထိုဓားပျံအရှင်သခင်ကိုလည်း ရှာမတွေ့တော့ချေ၊ သူတို့မှာ သဘာဝရတနာကို လာရောက်စပ်စုချင်သော်လည်း အရိပ်အခြေပင်မတွေ့ရသေးပေ၊ဒါ​ကြောင့် လေးငါးရက်စောင့်ကြည့်ပြီးနောက်မှာတော့ ရတနာဟာ တစ်စုံတစ်ယောက်ယူဆောင်သွားမှန်း သိလိုက်ရတော့သည်၊

-----------

တစ်ဖက်မှာလည်း ဝမ်ဖေးရန်တို့ဟာ ဂူထဲမှာ လေးငါးယောက်အနားယူပြီးနောက်မှာ တောင်ပိုင်းနယ်မြေကနေ ထွက်ခွာလာတော့သည်၊မင်ထျန်းလော့တို့အနေနဲ့ တောင်ပိုင်းမှာ ဖြစ်ပျက်သည့်အကြောင်းအရာတွေကို မသိရှိကြပေမယ့် ဝမ်ဖေးရန်ကတော့ System အကူအညီကြောင့် အချို့သောအကြောင်းအရာတွေကို သိရှိသည်၊

ကျိုးမျိုးနွယ်ပင်မက ပန်းတစ်ထောင်ချိုင့်ဝှမ်းအဖွဲ့အစည်းအဖျက်ဆီးခံလိုရသည့်သတင်းရယ်၊မြို့တော်ဝန်လောင် အသတ်ခံလိုက်ရသည့်သတင်းတွေကို Systemမှ ပြောလာတာကြောင့် ထိုကိစ္စကို ဝမ်ဖေးရန်သိလိုက်ရသည်၊နောက်သတင်းတစ်ခုကတော့ အားလုံးက ရုန်ပေါက်မြို့မှာထွက်ပေါ်လာသည့် ရတနာကို "ဓားပျံအရှင်သခင်ယူဆောင်သွားကြောင်း" အခိုင်အမာပြောဆိုနေတော့သည်၊ရတနာ ဝမ်ဖေးရန်လက်ထဲမှာဆိုတာ ဘယ်သူမှ မသိကြပေ၊

အခု သူတို့အနေနဲ့ တောင်ပိုင်းကနေ အလယ်ပိုင်းဒေသကို ခရီးတွင်မည်ဟု စဉ်းစားထားသည်၊ဘာလို့လဲဆိုတော့ လော့ကောကောက သူ့ခမည်းတော်ကနေ ပေးလာသည့်သတင်းအရ အလယ်ပိုင်းဒေသ ထိုက်ထန်အရပ်မှာ သူတို့ကို အကျိုးရှိစေသည့်ပြိုင်ပွဲရှိကြောင်း စာလွှာပို့သလာခြင်းဖြစ်သည်၊

ဝမ်ဖေးရန်ကတော့ ဒီNovelကို ရေးတဲ့သူပေမယ့် သူမှာ မျက်စိသူငယ်၊နားသူငယ်နှင့်သာ၊ထိုလိုနဲ့ သူတို့ အလယ်ပိုင်းဒေသကို စဝင်လာသည်နှင့် များစွာသောကျင့်ကြံသူတွေသာမက ပျံသန်းနေသည့်သားရဲမျိုးစုံကို တွေ့လိုက်ရတော့သည်၊ထိုမျှသာမက ချောမောခန့်ညားသည့်လူငယ်တွေဟာလည်း နေရာအနှံမှာ တွေ့နေရသည်၊ဒါတောင် အလယ်ပိုင်းဒေသကို ဝင်ခါစဖြစ်ပြီး ထိုက်ရုန်းမြို့တော်(အလယ်ပိုင်းဒေသရဲ့နယ်စပ်မြို့)ပဲရှိသေးသည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Unde poveștirile trăiesc. Descoperă acum