မြို့တော်ဝန်လောင်ဟာ အလန့်တကြားဖြစ်ကာ ပြူးကျယ်နေသည့်မျက်ဝန်းများဖြင့် ရှေ့ကလူငယ်ကို ကြည့်ကာ

"မင်း...မင်းက..." ဒါပေမယ့် သူ့ပြောမည့်စကားများဟာ လည်ချောင်းထဲမှာတေ့နေပြီး ကြောက်လန့်နေသည့်အမူအရာကိုဖော်ပြထားရုံသာ တတ်နိုင်သည်၊မြို့တော်ဝန်လောင်မှာ ခုနက မောက်မာဘဝင်မြှင့်သည့်စိတ်တွေ ပျောက်ကွယ်ကာ ခွင့်လွတ်အသနားခံရန်စိတ်သာ ရှိတော့သည်၊

ထိုချိန်မှာ *ရွင်*ဆိုသည့် ဓားအိမ်ထဲကနေ ဓားထုတ်သံရယ် လေထုကို ဓားရိုက်ခတ်လာသည့်အသံကို ကြားလိုက်ရပြီး အနက်ရောင်မြူခိုးကြားကနေ လက်ခနဲအလင်းရောင်မှိန်မြမြလေးမြင်မြင်ပြီးနောက်မှာ မြို့တော်ဝန်လောင်ရဲ့​ မျက်လုံးပြူးကာ အံ့အားသင့်လို့ပါးစပ်ဟနေသည့် ခေါင်းကြီးဟာ လေထဲလွင့်ထွက်ကာ မြေပြင်ပေါ် ကျသွားတော့သည်၊ ကျန်ရစ်သည့်ခန္ဓာကိုယ်ကြီးဟာလည်း သွေးများထွက်လာပြီး ဖုတ်ခနဲ လဲကျသွားကာ မြေပြင်အထက်မှာ သွေးများအိုင်သွားတော့သည်၊ ထိုအချင်းအရာသည် မျက်တောင်တစ်ခတ်အတွင်းမှာ ဖြစ်သွားခြင်းဖြစ်သည်၊

ထိုချိန်မှာ အသက်ကြီးအဘိုးအိုတစ်ဦးဟာ တကိုယ်လုံးတုန်ယင်လာကာ ကြောက်လန့်နေသည့်အသက်ဖြင့် "အနက်ရောင်ဓားပျံအရှင်သခင်!!!" လို့ အသံကျယ်ကျယ်နဲ့ပြောလိုက်သည့်အခါမှာတော့ ရွှေရောင်နယ်မြေတစ်ခုလုံးရဲ့လူငယ်ပါရမီရှင်တွေရဲ့အိပ်မက်ဆိုးကြီးဖြစ်တဲ့ဓားပျံသခင်လုံဟန်မှန်း သိလိုက်ကြတော့သည်၊

ငါတို့ တောင်ပိုင်းနယ်​မြေက ရွှေရောင်နယ်မြေကြီးရဲ့ အသေးငယ်ဆုံးနယ်မြေပါဟ! ဘာကြောင့် နာမည်ကြီး မဟုတ်သေးဘူး လူငယ်တိုင်းရဲ့အိပ်မက်ဆိုးကြီးက ဒီကို ရောက်နေရတာလဲ၊​ခုနကတုန်းကလည်း အသက်နှစ်ဆယ်အောက်နဲ့ ထျန်းကျီအဆင့်ကျင့်ကြံသူကို မြင်ခဲ့ရရုံသာမက အနက်ရောင်အဆင့်သိုင်းဝိညာဉ်ပိုင်ဆိုင်ထားတာကို မြင်ခဲ့ရလို့ ငါတို့နှလုံးသွေးက ခြောက်သေးတာမဟုတ်ဘူး...၊

အခု စစ်လုံဟန် အသက် ၂၂နှစ်၊ ကုန်းချန်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်၊လွန်ခဲ့တဲ့သုံးနှစ်က နှစ်တစ်ရာမှာ တစ်ကြိမ်သာ ကျင်းပသည့်ရွှေရောင်နယ်မြေရဲ့လူငယ်လက်ရွေးစင်ပြိုင်ပွဲမှာ ရုတ်တရက်ပေါ်ပေါက်လာသည့်သူ၊ထျန်းကျီအဆင့်နဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဘက်လိုက်စွာ ဆုံးဖြတ်ချက်ချမှုတွေကြောင့် တစ်ကယ့်ကျင့်ကြံအဆင့်ကို ဖော်ထုတ်ကာ ဘက်လိုက်သည့်မျိုးနွယ်စုတစ်စုလုံးကို ဖိအားပေးရုံသာမက ထိုမျိုးနွယ်စုကပါရမီရှင်ကိုပါ သတ်ဖြတ်ခဲ့ပြီး ရွှေရောင်နယ်မြေဓားပျံအဖွဲ့အစည်းရဲ့ဒုတိယအရှင်သခင်ဘွဲ့ကို ရရှိခဲ့သူဖြစ်သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now