" အထွန်းရေ အထွန်း "
ဝိုင်းအပြင်ကနေ အော်ပြီး လာနေတာ ငြိမ်းချမ်း အသံ ။
" အထွန်းရေ ဟေ့ကောင် အထွန်း ထ တော့ "
" မင့်အဖေက ထိုင်နေတာ ကန်းနေလား "
" အမယ် မင်းက နိုးနေတာပေါ့ "
" အေးပြော ဘာကိစ္စတုန်း ထန်းရည်တော ဆို မလိုက်ဘူး "
အထွန်း စကားကြောင့် ငြိမ်းချမ်းရော သတင်းစာဖတ်နေတဲ့ ဦးထွန်းညိုပါ အထူးအဆန်းနဲ့ လှမ်းကြည့်လာကြတယ် ။
" မဟုတ်ပါဘူး မင်းကို ပြောစရာရှိလို့ လိုက်ခဲ့ဦး "
" အပြင်မသွားချင်ပါဘူးကွာ "
ဒုတိယံမိ ဦးထွန်းညို ရဲ့ အကြည့် က အထွန်း ဆီရောက်လာပြန်ရော ။
" လာစမ်းပါကွာ "
" ဟေ့ကောင် ငါမသွားချင် "
ငြိမ်းချမ်းက အတင်းဆွဲခေါ်နေတာကြောင့် အထွန်း ပါသွားသည် ။ ဦးထွန်းညိုကတော့ သူ့သားကို နားမလည်နိုင်စွာ ။
" မရွှေ မင့်သား အပ မှီနေတာလားမသိဘူး "
" တော်ကတမျိုး အဲ့ အပ ရှင်ပဲ မှီ တကတည်း "
ဦးထွန်းညို တစ်ယောက် သတင်းစာကို ကိုင်ကာ အတွေးနယ်ချဲ့ရင်း ကျန်ခဲ့လေရဲ့ ။
" ဘယ်တုန်းကွ "
" မင့်ကိုတွေ့ချင်တဲ့သူရှိတယ် ဘယ်သူမှ မသိစေနဲ့ဆိုလို့ အတင်းလာခေါ်တာ "
" ဟင် !!! လူကောင်းရော ဟုတ်ရဲ့လား "
" လူကောင်းပုံစံပါကွ "
ငြိမ်းချမ်းခေါ်တဲ့နောက်လိုက်လာတော့ရွာအပြင် ကားလမ်းအဆုံးနားမှာ ရပ်ထားတဲ့ ကားအပြာရောင်လေးတစ်စီး ။
အထွန်းတို့ကားနားရောက်တော့ လူတစ်ယောက်ကားပေါ်က ဆင်းလာသည် ။ ဘောင်းဘီအရှည်အမဲရောင်ကို မြို့ကလူတွေစီးသလိုရှူးဖိနပ်နဲ့ တွဲဝတ်ထားသည် ။ တစ်ကိုယ်လုံးအပြည့်မြင်လိုက်ရတော့ ရှပ်အကျီကို ကြယ်သီးများဖြုတ်ကာ ရင်ဘတ်ဖွင့်၍ ဝတ်ထားပြီး နေကာမျက်မှန်ကိုလဲ ရှပ်အကျီ ရင်ဘတ်မှာ ချိတ်လျက် ။ မီးခိုးရောင်ဆံပင် နဲ့ အထွန်းတို့နှစ်ယောက်လုံးမော့ကြည့်ရသည့်အရပ်အမောင်း ။ သွေးကြောတွေထင်းနေတဲ့ လက်ဖျံကို မြင်ရသည်အထိ အကျီလက်ကိုခေါက်ထားသည် ။ ကားပေါ်က ခေါင်းငုံ့ပြီးဆင်းလာလာချင်းမြင်လိုက်ရတဲ့ လည်ပင်းက တက်တူး ။
အပိုင်း ၂၃ / အပိုင္း ၂၃
Start from the beginning