"ကိုယ့်အသဲလေး မနက်က ပင်ပန်းသွားလား..."
ညင်သာလွန်းလှသည့် ကရုဏာရသမြောက်စွာ မေးလာသောအသံနှင့်အတူ ကြင်နာစွာ ထွေးပွေ့ထားသည့် သူ့ရဲ့အပြုအမူကြောင့် မောင်းတင်ရန်ပြင်ထားလေသော သူမ၏ဒေါသတွေက တစ်မုဟုတ်ချင်း ငုပ်လျှိုးသွားရရင်း ရုန်းထွက်ရန်ပြင်နေသည့် ခန္ဓာကိုယ်ကလည်း ချက်ချင်းပင် အားလျော့သွားရသည်။ထို့ကြောင့် ရုန်းမထွက်ဖြစ်တော့ဘဲ သူ့မျက်နှာကိုသာ မကျေမနပ်နှင့် မျက်စောင်းခဲကာ မော့ကြည့်ရင်းမှ စူပွပွဖြင့် ပြန်ပြောလိုက်သည်။
"ပင်ပန်းလို့ ပြောနေတာမှမဟုတ်တာ...။ကိုယ့်ကလေးတွေအတွက် လုပ်ပေးရတာကို ဘာကိစ္စပင်ပန်းရမှာလဲ..."
"ဒါပေမဲ့ နည်းနည်းတော့ ကသီလင်တဖြစ်သွားတယ်မို့လား...။တစ်ယောက်တည်း အလုပ်ရှုပ်နေတုန်း မနန်းမိုက ကယ်တင်ရှင်ကြီးလိုရောက်လာတော့ ဝမ်းတွေသာ...။အဲ့ဒီမှာ ကိုယ်က မနန်းမိုကိုပြောလိုက်တော့ စိတ်တွေတို..၊အားတွေနာ...။ပြီးတော့ ကြည့်ရတာ ဗိုက်တွေလဲဆာနေရှာမှာပဲ...။ပြောပါဦး...ကိုယ့်ကို ခုနကတည်းက ထုရိုက်ချင်စိတ်တွေ ပေါက်နေတာမို့လား...။ပြောရရင် အပျိုကြီးလို့ ပြောလိုက်တဲ့အချိန်ကတည်းကလေ..."
"အဲ့ဒါကိုသိရက်နဲ့တောင် ဆက်ပြီးတော့ စကားတွေကို တစ်ခွန်းမခံ ပြန်ပြောနိုင်သေးတယ်ပေါ့ ရှင်က..."
"အဟင်း...သဲလေးရဲ့ ချုပ်တည်းထားရတဲ့စိတ်ကို ပွင့်ထွက်စေချင်လို့လေ...။တမင်တကာ မခံချင်အောင် စပေးတာ...။နို့မို့ဆို တစ်နေကုန်ထိန်းချုပ်ပြီးတော့ ကိုယ့်ကို ညရောက္မှပြောဖို့ စိတ်ကူးထားတာမို့လား.....။ညရောက်တော့လဲ ကိုယ်က အလုပ်လုပ်နေမှာနဲ့ ကလေးတွေကြည့်နေရတာနဲ့ ပြောဖြစ်ချင်မှ ပြောဖြစ်တော့မှာ...။ဆိုတော့..အခုချက်ချင်း ပြောစေချင်လို့ ၊ တစ်နေကုန် စိတ်ထဲမှာ သိမ်းထားပြီးတော့ မပင်ပန်းစေချင်လို့ ၊ မနက်ကတည်းက မကြည်မလင်ဖြစ်ပြီးတော့ ပင်ပန်းနေတဲ့စိတ်ကို ဖွင့်ထုတ်စေချင်လို့.."
"လျှောက်ပြောမနေနဲ့..။ပြန်ပြောချင်သလို ပြောပြီးတော့မှ မှားမှန်းသိလို့ ဒီလိုပြောပြီး ပြန်ချော့တာမို့လား...."
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
Logic
Start from the beginning
