ထိုသို့ဖြင့် သူမကသာ စကားတွေကို မာန်ပါပါနှင့် တောက်လျှောက်တရစပ်ပြောသွားသော်လည်း သူမကိုကြည့်ပြီး ပြုံးစိစိဖြစ်ကာ နားထောင်နေသော သူ့မျက်နှာကတော့ တစ်စက်ကလေးမှအချိုးပြေမနေပေ။ထိုအခါ သူ့ပုံစံကြောင့် သူမက မျက်ခုံးတွေတွန့်ကာ ပြန်ကြည့်မိလျှင် သူ့ဆီမှ ရယ်သံတစ်ချက်ထွက်လာပြန်သည်။ထို့ကြောင့် ပြောနေသမျှတွေကို တစ်ချက်ကလေးတောင် အဖက္မလုပ်ဘဲ ပြောင်စပ်စပ်လာလုပ်နေသည်ဟု ခံစားလိုက်ရလျှင် သူမက မျက်နှာတွေစူပုပ်သွားကာ ဆူဆူအောင့်အောင့်နှင့်ပင် ရန်ထောင်လိုက်မိသည်။

"ဘာရယ်တာလဲ...။ပြောနေတာကို နားမလည်ဘူးလား..."

ထိုအခါတွင် သူမ၏ပုံစံကိုကြည့်ကာ နှာခေါင်းထဲကနေ လေထွက်ရုံသာ မဟတဟရယ်လိုက်သောသူက ခေါင်းကိုလည်း တစ်ချက်နှစ်ချက် ဖြည်းဖြည်းချင်းယမ်းလိုက်သေးသည်။ထိုသို့ လာစားနေတယ်ကွာ ဟု ခေါ်မလား၊လေပါတယ်ကွာ ဟူသော အဓိပ္ပာယ်သက်ရောက္မလား မသိလေသည့် သူ့ဒီဇိုင်းကြောင့် သူမ၏ဒေါသတွေက အရှိန်တင်လိုက်သော ဂတ်စ်မီးဖိုကဲ့သို့ ရဲခနဲတောက်လာရပြီမို့ ချက်ချင်းပဲ မျက်ခုံးတွေတွန့်ချိုးကာ စူးစူးရဲရဲပြန်ကြည့်၍ လေသံတင်းတင်းနှင့်ပင် စတင်စစ်ခင်းလိုက်တော့သည်။

"ဒီမယ် အကောင်းပြောနေတာကို ဘာလို့အလေးအနက္မထားဘဲ ပြောင်စပ်စပ်လုပ်နေတာလဲ...။စိတ်တွေတိုလာပြီနော်..."

သို့ရာတွင် သူကတော့ မနေနိုင်တော့သလို ခပ်ဟဟတစ်ချက်ရယ်ပြီးမှ ရယ်ရွှင်ရိပ်မြူးနေသောမျက်ဝန်းတွေနှင့် သူမကိုပြန်ကြည့်ကာ စကားကိုလည်း ရယ်သံစွက်၍ပင် ပြန်ပြောလာလေသည်။

"ကိုယ်ကလေ..ဒီလိုမျိုးပုံစံကို ကြုံချင်မှ ကြုံရမယ်လို့တွေးထားတာ...။ဘာလို့လဲဆိုတော့ သဲက အမြဲတမ်းသစ်နေတဲ့လူမျိုးဆိုတော့ အသက်ကြီးသွားရင်တောင် ဒီပုံစံအတိုင်းပဲ နေသွားလိမ့်မယ်လို့ ထင်နေတာလေ...။ဒါပေမဲ့ အခုကြည့်ရတာ သဲလဲ မိန်းမကြီးတစ်ယောက်လို ပွစိပွစိ ဗျစ်တောက်ဗျစ်တောက် ပြောတတ်လာပြီပဲ...။ကလေးတွေ ခြောက်လပြည့်တဲ့အချိန်မှာ သဲရဲ့ အာဂျီးမားပုံစံကို ကိုယ်တွေ့လိုက်ရတာပဲ ဟင်းဟင်း..."

You are the only Exception!Where stories live. Discover now