"ဘယ်ဟာရယ်လို့မဟုတ်ဘူး အကုန်မှားနေတာ..."

"အဲ့ဒါဆို တစ်ချက်ချင်းစီ ပြောပြပါဦး...။ဘာတွေ ဘယ်လိုမှားသွားလဲဆိုတာ..."

"ဘာတွေ ဘယ်လိုမှားရမှာလဲ...။မနက်က သားရော သမီးရော ပြိုင်တူနိုးနေကြတာလေ...။ခါတိုင်းဆို နေသန်က အရင်နိုးတာဆိုတော့ သားပြီးမှ နိုရာကို အေးအေးဆေးဆေးကျွေးရုံပဲ...။အခု ဒီမနက်က နိုရာပါ အစောကြီးနိုးနေတော့ ကလေးနှစ်ယောက်လုံးကို ပြိုင်တူကျွေးရတာ ဘယ်လောက်ခက်တယ်မှတ်လဲ...။နိုရာက ဆက်တိုက်ကျွေးနေမှရတာ..။သူ့ပါးစပ်ထဲ အပြတ်ခံတာမဟုတ်ဘူး...။ဒီနေ့ သူကြိုက်တဲ့ဟာဆိုတော့ ပိုတောင်ဆိုးသေးတယ်...။မနန်းမိုသာ ရောက္မလာရင် ဗြောင်းဆန်နေလောက်ပြီ..."

"အဲ့ဒါများ ကိုယ့်ကိုနှိုးပေါ့ သဲရယ်...။ဘာလို့ တစ်ယောက်တည်း အပင်ပန်းခံနေတာလဲ..."

"တစ်ညလုံး Meeting ထိုင်ပြီးတော့ မနက်လေးနာရီမှ အိပ်တဲ့သူကို ဘယ်လိုလုပ်နှိုးရက္မှာလဲ...။ဒီနေ့ ဧည့်သည်တွေလာမှာမို့လို့သာ မဖြစ်မနေ ရုံးချိန်မီအောင် နှိုးရတာ...။ဖြစ်နိုင်ရင် နေ့လယ်ထိတောင် အိပ်စေချင်တာကို.."

စကားအဆုံးမှာ ဖျတ်ခနဲပြုံးသွားသော နှုတ်ခမ်းတို့နှင့်အတူ သူမကိုကြည့်လာသည့်မျက်လုံးတွေက ပျော်ဝင်ကျေနပ်စွာ ကြည့်လာသော်လည်း သူမက အသာယာမခံနိုင်သေးဘဲ ပြောစရာရှိသည့်စကားတွေကိုသာ ဆက်ပြောလိုက်သည်။

"​ကျွေးပြီးတော့ မနိုင်မနင်းဖြစ်နေမှာစိုးလို့ နေသန်ကို ခေါ်သွားပေးတာ...။အဲ့ဒါကို ကျေးဇူးမတင်ဘဲ ဘာလို့ စကားတွေကို အဲ့လိုပုံစံတွေသွားပြောနေတာလဲ....။ကို့ဘာသာ အထက်လူကြီးဖြစ်နေနေ ဘာနေနေ သူများကို အဲ့လိုပြောချင်တိုင်း ပြောတာမျိုး မကြိုက်ပါဘူး...။ပြီးတော့ ဝန်ထမ်းတွေကြားထဲမှာ ကိုရှိုင်းသူရိန်က သူ့ကလေးတွေကို အထိကိုမခံဘူး...၊အကဲအရမ်းပိုတယ်တွေဘာတွေ အပြောခံရမှာမျိုး မလိုလားဘူး...။

နောက်ထပ်က အပျိုကြီးကိစ္စ...။ဘယ်တုန်းက အဲ့လိုတွေပြောတတ်သွားတာလဲဟင်..၊ပြောပါဦး...။ရှင့်သားကို ဘယ်သူက ဆွဲစားနေမှာမို့လို့လဲ...။အဲ့လောက်အထိမခံနိုင်ဖြစ်နေရင် အရွယ်ရောက်လာတဲ့အချိန်ဆို ဘယ်လိုလုပ်မှာလဲ...။နိုရာက သမီးမိန်းကလေးမို့ ထားတော့..။နေသန်ကိုပါ သဝန်လိုက်တိုနေတာ မြင်မကောင်းဘူး...။ပြီးတော့ ပြောဆိုနေတာကလဲ ကိုယ့်ကို ကူညီပေးနေတဲ့သူ..."

You are the only Exception!Where stories live. Discover now