"ကိုယ်က ကလေးတွေနဲ့ပတ်သက်ရင် ဘယ်မှာ တင်းကျပ်နေလို့လဲ....။ကြီးကြီးကျယ်ကျယ်လဲ မလုပ်ရပါဘူး သဲရယ်..."
"ဘာလို့မလုပ်ရမှာလဲ...၊မနက်ကပဲကြည့်လေ..။ရုံးတက်ချိန်ထက်ကို နှစ်နာရီလောက်စောလာပေးတဲ့သူကို ဘာညာတွေ သွားပြောနေတာ...။ဟိုက ကြိုက္မှန်းသိ မကြိုက္မှန်းသိနဲ့..။ပြီးတော့ ကလေးကို ချစ်လို့ခင်လို့ ကူထိန်းပေးနေတာ ကျေးဇူးတင်မယ်မရှိဘူး...။အပျိုကြီးတွေ ဘာတွေ သွားပြောနေသေးတယ်..."
"အပျိုကြီးကို အပျိုကြီးလို့ မပြောလို့ ကိုယ်က အအိုကြီးလို့ ပြောရမှာလား...။အဲ့လိုပြောဖို့လဲ စိတ်ကူးမရှိပါဘူး...။ပြီးတော့ နေပါဦး…၊အပျိုကြီးမို့လို့ အပျိုကြီးခေါ်တာ ဘာစိတ်ဆိုးစရာပါလို့လဲ..."
"အပျိုကြီးရော အအိုကြီးရော သူများကို အဲ့လိုပြောနေစရာကို မလိုတာ...။အပျိုကြီးတွေက အပျိုကြီးလို့ခေါ်ခံရတာလောက် မုန်းတာမရှိဘူးဆိုတာ မသိဘူးလား..."
"အပျိုကြီးလို့အခေါ်မခံချင်ရင် ယောက်ျားယူလေ ရှင်းနေတာပဲ...။အဲ့လောက္မကြိုက်တာများ အောင့်အည်းသည်းခံပြီးတော့ အပျိုကြီးဆက်လုပ်နေသေးတယ်...။မကျေနပ်ရင် အခုချက်ချင်း ယောက်ျားကောက်ယူပစ်လိုက်..."
"ကို..."
ထိုကဲ့သို့ သူမ၏ စူးခနဲထွက်လာကာ ဆောင့်အောင့်ခေါ်လိုက်သောအသံကို သူကတော့ လန့်ချင်ဟန်ပင်မဆောင်။အေးအေးဆေးဆေးနှင့်ပင် ဘာလဲဆိုသည့်သဘောမျိုးနှင့် မျက်ခုံးပင့်ပြလာသည်။
"စကားတွေကို ဘာလို့ ဆတ်ဆတ်ထိမခံ ပြန်လှန်ပြောနေတာလဲ...။အကောင်းပြောပြပေးနေရင် ဒီအတိုင်းလေးငြိမ်ပြီးတော့ နားထောင်ပေးလိုက်လို့မရဘူးလား...။အခုက အကုန်လုံးကို တစ်ခွန်းမကျန် ပြန်ပြောနေတော့တာပဲ…"
"မှန်နေတာမို့လို့ ပြန်ပြောတာလေကွာ...။ကိုယ်ပြန်ပြောတဲ့ထဲမှာ မှားနေတာပါလို့လား....."
"ပါတာပေါ့..။စကားတွေရော အပြုအမူတွေရော အကုန်မှားနေလို့ လိုက်ပြောနေရတာ..."
"ဘယ်ဟာက မှားတာလဲပြော...။အိပ်ရာကနေနိုးနိုးချင်း သားကိုမတွေ့ရလို့ ပြောမိတာကိုလား...။အချိန်ရှိတိုင်း နေသန်လေး နေသန်လေး ဆိုပြီးတော့ ခေါ်ခေါ်သွားတဲ့ မနန်းမိုကို ပြောမိလို့လား...။ပြီးတော့ ဘာလဲ..၊အပျိုကြီးလို့ ပြောတာကိုလား...။ဒါမှမဟုတ် မနန်းမိုကို ယောက်ျားယူခိုင်းတာကိုလား...။ကိုယ်ပြောတဲ့အထဲမှာ ဘယ်ဟာတွေက မှားနေလို့လဲ..."
ESTÁS LEYENDO
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
