"ဟာ....သမီး မလုပ်ရဘူးလေ.....။လက်တွေ နာကုန်တော့မှာပဲ..."
သူမက တွေးရင်းတောရင်းဖြင့် ဗိုက်လည်းဆာနေသောကြောင့် အစားကို အာရုံစိုက်စားနေစဉ် တဂွက်ဂွက်အသံနှင့်အတူ သူ့ဆီမှ အလန့်တကြားအော်သံပါ ထွက်လာခြင်းဖြစ်လေသည်။ပြောနေရင်း နိုရာ့ဆီထသွားသောကြောင့် သူမက လှမ်းကြည့်လိုက်လျှင် လက်ချောင်းလေးတွေထိုးထည့်လို့ရသည့် ကစားစရာကွင်းလေးအား တွန်းလှည်းနှင့်ကိုင်ဆောင့်နေသည့် နိုရာကို တွေ့လိုက်ရသည်။ထို့ကြောင့် သူက စားနေရင်းတန်းလန်းမှထ၍ မြဲနေအောင်ကိုင်ထားသော လက်ထဲကကွင်းကို ရွှေပြည်အေးတရားဟောကာ လွှတ်ပေးဖို့ နားချရလေသည်။ထိုအချိန်တွင် နေသန်ကတော့ ဗြောင်းဆန်နေသည့် သူ့ညီမကိုကြည့်လိုက်၊သူ့အဖေအမေကို အကဲခတ်လိုက်၊တွန်းလှည်းပေါ်က လက်နှင့်လှိမ့်လို့ရသည့် အလုံးလေးကိုလှိမ့်လိုက်ဖြင့် သူ့စိတ်ကူးနှင့်သူ ငြိမ်နေရှာသည်။
လက်တွေနာမှာစိုးသောကြောင့် ကွင်းကိုရအောင်ယူလိုက္မှပင် သောင်းကျန်းနေသည်မှာ ရပ်သွားသော်လည်း ခေါင်းပေါ်ရှိ တွဲလောင်းကျနေသော ကြယ်လေးတွေကို မော့ကြည့်ကာ တစ်ဖန်လိုက်ဖမ်းပြန်သည်။သို့နှင့် အစောတုန်းကလောက်တော့ မဆိုးတော့သည်မို့ သူက နေရာမှာပြန်ထိုင်ကာ ရေတစ်ခွက်ကိုမော့သောက်လိုက်ရင်း
"ဟူး.....နိုရာ လမ်းလျှောက်တတ်ရင် ကိုယ်တော့ လိုက်ဖမ်းနေရတာနဲ့ပဲ တစ်နေကုန်သွားမယ်ထင်တယ်...။အလုပ်တောင်လုပ်ရပါ့မလား မသိဘူး..."
ထိုအခါ သူမက မျက်စောင်းတစ်ချက်ထိုး၍
"အဲ့လိုနေရတာ ကြိုက်တယ်မို့လား.....။ကလေးကို အားမလိုအားမရဖြစ်အောင် သူပဲ လှမ်းစနေပြီးတော့.."
"ဟွန်းဟွန်း...နိုရာကိုက တက်ကြွလွန်းတာ...။ကိုယ့်သားကိုကြည့်..ဘယ်လောက်တည်ငြိမ်လဲ...။ဒီလောက်စနေတာတောင် ယောင်ယောင်လေးပဲပြုံးတယ်...။ကိုယ်လိုချင်တာလဲ အဲ့လိုတည်ငြိမ်မှုမျိုးပဲ...။ကိုယ့်သားရဲ့ type ကို ကိုယ်တိုင်ပြန်ကြွေပြီးတော့ ကြိုက်နေရပြီ..."
"ကြိုက်တာက ကြိုက်လို့ရတယ်...။ကိုယ့်ကလေးတွေကို ချစ်တာလဲ ချစ်တာပေါ့..။ဒါပေမဲ့ သူစိမ်းတွေကို ကလေးတွေနဲ့ပတ်သက်ရင် တအားတင်းကျပ်မနေနဲ့လေ...။အဲ့လောက်ကြီးထိ အကဲပိုကြီးကျယ်ပြနေရင် ကြာလာတော့ ဘယ်သူက အမြင်မကတ်ဘဲနေတော့မှာလဲ.....။အစက ဒီနေ့ အလုပ်ကိစ္စနဲ့မို့ မပြောဘူးလုပ်နေတာ...။ကြည့်နေရင်း တွေးနေရင်းနဲ့ မနေနိုင်တော့လို့.."
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
Logic
Start from the beginning
