"ဆိုးပေါ့...။သူများပြောတာမခံချင်ရင် ကိုယ်တိုင်ယောက်ျားယူပြီးတော့ ကိုယ့်ကလေးကိုယ် အားရအောင်ထိန်းနေလိုက်လေ..."
"ကြည့် ပြောနေတဲ့ကြားကကို..."
ပြောရင်း သူမက ထပ်ရိုက်လိုက်လျှင် သူ့သမီးရှေ့မှာ ဟန်အမူအရာပိုပိုနှင့် တွန့်လိမ်ပြကာ
"အ အား နိုရာ သမီး လုပ်ပါဦး.....၊မေမေက ဖေဖေ့ကို အနိုင်ကျင့်နေပြီ..."
ထိုအခါ သူ့ထက်လည်သည့် သူ့သမီးက ဒီလောက်ဟန်ဆောင်ပြသည်ကို ရင်ခုန်မနေ။တခစ်ခစ်ရယ်ကာ နံနက်စာစားပြီးကာစ ခြောက်လသားအရွယ်၏ အားအင်အပြည့်နှင့် လက်ကလေးတွေက အမေဖြစ်သူနှင့် အလိုတူအလိုပါ သူ့မျက်နှာကို အားရပါးရထပ်ရိုက်လာသည်။
"အ အ..သမီးကပါ ဖေဖေ့ကို ထပ်ရိုက်တာလား....။မေမေ့ကို တားရမှာလေ.....။အ..လက်တွေက ဘာလို့ ဒီလောက်သန်နေတာလဲ နိုရာရဲ့..။ကြည့်ဦး...ဖိုက်တာလို ရိုက်နေတာပဲ...."
သူက ရှောင်ချင်ယောင်ဆောင်ရင်း အကဲပိုပြလေ သူ့သမီးက ပိုအူမြူးလေဖြစ်နေသောကြောင့် သူမက နှစ်ယောက်သားကို ခွဲထုတ်ဖို့လုပ်ကာ နိုရာအား သူ့ရင်ဘတ်ပေါ်မှပြန်ခေါ်၍ ပွေ့ချီလိုက်ရတော့သည်။
"နှစ်ယောက်လုံး ဒီလောက်ဆော့ရရင် တော်လောက်ပြီ ...။ကို အိပ်ရာကထတော့..။မနက်စာတူတူစားဖို့စောင့်နေတာ ဗိုက်ဆာနေပြီ..."
ထိုအခါကျမှ သူက ငေါက်ခနဲထကာ သူမ၏လက်ထဲကသမီးကို အားရအောင်တစ်ချက်နမ်းပြီးမှ ရေချိုးခန်းထဲဝင်သွားလေသည်။
ထို့နောက် သုံးယောက်သား ဟိုတယ်ဘက်ကိုထွက်လာခဲ့လိုက်လျှင် ရှေ့ကမြက်ခင်းပြင်မှာ နေသန်ကို ထိန်းပေးနေသည့် မနန်းမိုအား ကားပါကင်ကနေ လှမ်းတွေ့လိုက်ရသည်။သူက ချက်ချင်းပဲ နိုရာကို သူမဆီပေးကာ သူ့သားရှိရာဦးတည်သွားလိုက်ရင်း နေသန်ကို မနန်းမို၏လက်ထဲကနေ လွှဲယူသည်။ပြီးသည်နှင့် နိုရာလို တခစ်ခစ်မရယ်ဘဲ ပြုံးတုံ့တုံ့လုပ်နေသည့် မျက်နှာလေးကို အားရပါးရနမ်းရှုပ်ကာ တည်တည်ကြည်ကြည်သူ့သားအား မျက်နှာလုပ်ရလေသည်။
"သားကို နိုးနိုးချင်းလဲ မတွေ့ရဘူး...။ဖေဖေနိုးတာကို မစောင့်ဘဲနဲ့ ဘာလို့ သူများတွေနဲ့ လိုက်သွားရတာလဲ.....။ဖေဖေက အိပ်ရာထတာနဲ့ တွေ့ချင်ပါတယ်ဆိုမှ..."
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
Logic
Start from the beginning
