"သဲနဲ့ပတ်သက်ရင် ကိုယ့်ဘက်က ဟန်ဆောင်ပြီးမှ ထွက်လာတဲ့ ခံစားချက်ဆိုတာ တစ်ခုမှမရှိဘူး...။မယုံရင် အခုစမ်းကြည့်ပြီးတော့ သဲကြိုက်တဲ့ ကိုယ့်ရဲ့ပုံစံက အစစ်အမှန်လား အတုအယောင်လားဆိုတာ ခွဲခြားကြည့်ပါလား..."

စကားအဆုံးမှာ ကွေးတက်သွားအောင် ပြုံးသွားသည့်နှုတ်ခမ်းလေးက တစ်ဖန် သွားနှင့်ဖိကိုက်ခံလိုက်ရကာ သူ့ကို ပြုံးစစနှင့်ကြည့်လာရင်း ချက်ချင်းပင် သူ့ဆီသို့ တိုးဝှေ့ဝင်ရောက်လာသည်။ထိုသို့ဖြင့် ဆက်တိုက်လှုပ်ရှားလာသော သူမ၏အပြုအမူတွေကြားမှာ သူကပါ အင်တိုက်အားတိုက်ပူးပေါင်းလိုက်မိသည့်အခါတွင် အလူးအလဲခံစားချက်တို့၏နောက်သို့ နှစ်ယောက်သား အမီလိုက်ကြရင်းဖြင့် သူမဘက်ကအကြိမ်ရေများစွာ ပြီးဆုံးမှုနှင့်အတူ သူ့ဘက်ကတော့ သူမ စွဲလမ်းနှစ်ခြိုက်ရလေသည့် စစ်မှန်သောပုံစံများစွာကို ပြသနိုင်ခဲ့လေသည်။

သို့နှင့် အတန်ကြာသွား၍ ခြေထောက်လေးတွေ တဆတ်ဆတ်တုန်လာချိန်၌ ဝုန်းခနဲ ဆွဲလှည့်လိုက်သော သူ့လက်တွေကြားမှာ အုပ်မိုးထွေးပွေ့ခံလိုက်ရပြီးလျှင် သူမ အမီမလိုက်နိုင်သည့် အားထုတ်မှုတို့အတွက် သူ့ဘက်ကပင် အပြီးသတ်လိုက်ရလေသည်။ထို့နောက် ထုံးစံအတိုင်း ရင်ဘတ်ပေါ်တင်ထားသည့် ကိုယ်လုံးလေး၏ နူးညံ့မှုအထိအတွေ့တွေကို ဟိုဒီပွတ်သပ်ကာ အမောပြေစေရင်း သူမဘက္မှ တည်ငြိမ်သွားချိန်တွင် သူက စကားထပ်စလိုက်သည်။

"သဲလေး..."

"ဟွန်.."

"သားနဲ့သမီးရှေ့မှာ ကိုယ်တို့ ဘယ်လိုနာမ်စားသုံးကြမလဲ..."

"ဘယ်လိုနာမ်စားသုံးချင်လို့လဲ..."

"ကိုယ်က ကလေးတွေရှေ့မှာ သဲလေးကို သဲလေးတို့ သဲတို့ ခေါ်လို့မဖြစ်လောက်ဘူး…"

"သူများတွေရှေ့ရော အဖေအမေတွေရှေ့ရောကျတော့ ဘာမှဂရုမစိုက်ဘဲ ခေါ်နေပြီးတော့.."

"ဒါပေမဲ့ သားသမီးကိုတော့ ဂရုမစိုက်ဘဲ နေလို့မရတော့ဘူးလေ…။တော်ကြာ ကျောင်းတက်ရင် မင်းတို့အဖေက မင်းတို့အမေကို သဲလေးလို့ ခေါ်တာပေါ့ ဟုတ်လားဆိုပြီး လှောင်ခံနေရလိမ့်မယ်...။တကယ်တမ်း ကိုယ်ကတော့ အသက်တွေကြီးတဲ့အထိ မပြောင်းမလဲ ခေါ်သွားချင်တာပဲ...။ဘာလို့လဲဆိုတော့ ဒါက ရင်ထဲကနေ အလိုလိုထွက်လာတဲ့ နာမ်စားလေးမို့လို့..။ကိုယ့်ရဲ့ အသည်းအသက်လေး...၊အချစ်ရဆုံးလေးဆိုတာ…"

သူ့စကားကြောင့် သူမက အရည်ပျော်သွားရသော နှလုံးသားနှင့်အတူ ကြည်နူးစွာပြုံးမိရင်း

"ဘာမှမဖြစ်ဘူး…။အသက်တွေကြီးတဲ့အထိ နှစ်ယောက်တည်းဆို အဲ့လိုပဲပြောကြမယ်...။သားနဲ့သမီးရှေ့ဆို အခုပြောနေတဲ့အတိုင်းပဲ..၊ဖေဖေနဲ့မေမေလို့ပြောမယ်...။သူများတွေရှေ့ဆို ကိုနဲ့ မိန်းမလို့ ပြောမယ်...။အဲ့လိုဆို အဆင်ပြေနေပြီမဟုတ်ဘူးလား…"

တက်ကြွစွာပြောလိုက်ပြီးသည့်နောက် အဆုံးသတ်မှာ သူ့ရဲ့နှုတ်ခမ်းထောင့်လေးဆီသို့ သူမ၏နှုတ်ခမ်းလေးက ခပ်ဖွဖွထိကပ်လိုက်လျှင် သဘောခွေ့သွားရသော သူ့အသံက ချက်ချင်းပင်ထွက်လာရသည်။

"အဟွန်း ဟုတ်ပြီ အဲ့လိုပဲလုပ်ကြမယ်..."

အခေါ်အဝေါ်တွေ မပြောင်းသလိုပင် အစကတည်းကယဉ်သကို ဆိုသောစကားအတိုင်း အစကောင်းခဲ့သော သူ့အချစ်တွေက အနှောင်းသေချာမည်ဆိုတာကိုလည်း သူမက ဘဝတစ်ခုလုံးပုံအပ်ပြီး နှလုံးသားနှင့်ရင်းကာ အခိုင်အမာယုံကြည်ရပါလေသည်။

------------------------------************---------------------------

You are the only Exception!Where stories live. Discover now