"ကိုယ်ကတော့ သဲလေးဒီလိုနေလိုက်ရင် ကိုယ့်ရဲ့စိတ်ရော၊ခန္ဓာကိုယ်ကိုရော အပိုင်စိုးခံထားရသလို၊လွှမ်းမိုးချုပ်ကိုင်ထားသလို ခံစားရလို့ ကြိုက်တာ..."

"လွှမ်းမိုးချုပ်ကိုင်ခံရတာကို ကြိုက်တယ်ပေါ့.."

"ကိုယ့်ကို သဲမှ မလွှမ်းမိုးမချုပ်ကိုင်ရင် ဘယ်သူက လွှမ်းမိုးချုပ်ကိုင်မှာလဲ..."

"အဟွန်း စကားတတ်တဲ့ အလကားလူပဲ.."

ပြောပြီးသည်နှင့် သူမဆီမှ ဆတ်ခနဲလှုပ်ရှားမှုနှင့်အတူ ပေါင်းဆုံသွားသည့် အထိအတွေ့များကြောင့် သူက မျက်ခုံးတွေတွန့်ကာ အသံထွက်သွားမိရင်း နဖူးကြောတွေပါ ထောင်လာရသည်။ထိုသို့သောပုံစံအား မလွတ်တမ်းကြည့်နေသော သူမက သူ့မျက်နှာကို ဖွဖွလေးထိကိုင်ကာ ညင်သာနူးညံ့စွာဖြင့် နမ်းရှိုက်လိုက်ရင်း တုန်ရီစွာပင် ပြောမိလေသည်။

"ယောက်ျားတစ်ယောက်ရဲ့ ကြည့်လို့အကောင်းဆုံးအချိန်၊ဆွဲဆောင်မှုအရှိဆုံးအချိန်ဆိုတာ တစ်ယောက်တစ်မျိုးစီ သူ့အကြိုက်နဲ့သူ ကွဲပြားသွားမယ်ထင်တယ်…။တချို့က ဂစ်တာတီးနေတဲ့အချိန်၊တချို့က ဆေးလိပ်သောက်နေတဲ့အချိန်၊တချို့ကျတော့ ယောက်ျားတစ်ယောက်ရဲ့ ရှိသမျှမာန်တွေအကုန်ချပြီးတော့ ဘုရားရှိခိုးနေတဲ့အချိန် အဲ့လိုမျိုး ကိုယ့်အကြိုက်နဲ့ကိုယ် သတ်မှတ်ချက်တွေ အမျိုးမျိုးရှိကြမှာပဲ..."

"ကိုယ့်ကိုရော ဘယ်လိုအချိန်မှာ ကြည့်ရတာ အကြိုက်ဆုံးလဲ..."

"အပြုအမူတိုင်းလိုလို ကြိုက်တယ်…။ချေမိုးနေလဲကြိုက်တယ်..၊လူလည်ကျနေလဲကြိုက်တယ်..၊အပူအပင်ကင်းကင်း အိပ်ပျော်နေတဲ့ ပုံစံကိုလဲကြိုက်တယ်..၊အဲ့ထဲကမှ ဟိုးအရင် ကို့ကို မချစ်ခင်ကတည်းကနေ အခုထက်ထိ မလွန်ဆန်နိုင်ဆုံး အဆွဲဆောင်နိုင်ဆုံး ပုံစံရှိတယ်...။ဒါပေမဲ့ ပြောမပြချင်ဘူး…။ပြောပြလို့ သိသွားရင် တမင်တကာ ဟန်ဆောင်နေမှာစိုးလို့.."

"သဲ မပြောလဲ ကိုယ်သိတယ်..."

သူ့ရဲ့ပိုင်နိုင်လှသော တိုးဖွဖွလေသံကို သူမက ပထမတော့ မျက်လုံးလေးပြူးကာ ကြည့်မိသေးသော်လည်း ပြီးမှ လာအစ်မနေနဲ့ ဆိုသော အကြည့်မျိုးဖြင့် ပြန်ကြည့်လိုက်လျှင်

You are the only Exception!Where stories live. Discover now