တစ်ဆက်တည်းမှာပင် လည်တိုင်ကိုသိုင်းဖက်ထားသော လက်လေးတွေသည် သူ့ရင်ဘတ်ကို ပွတ်သပ်နေရာမှတစ်ဆင့် အောက်ကိုဆင်းကာ ထကြွပြီးသားနေရာအား  ထိကိုင်လိုက်လျှင် ဓာတ်လိုက်သကဲ့သို့ ဆတ်ခနဲတောင် တုန်သွားရသောသူက ခဏလောက်ကြာသောအခါမှာ ဆက်၍ထိန်းသိမ်းထားနိုင်စွမ်းမရှိတော့။ထို့ကြောင့် တင်းနေအောင်ပွေ့ထားမိသောကိုယ်လုံးလေးကို အပေါ်ကနေ အုပ်မိုးမည်ပြင်လိုက်စဉ်

"အပေါ်မှာ နေချင်တယ်..."

တစ်လျှောက်လုံးမလွှတ်တမ်း မြဲနေအောင်ဆွဲယူထားသည့် သူ့နှုတ်ခမ်းတွေကို အခုမှလွှတ်ကာ မောဟိုက်သံလေးနှင့် ပြောလာသောသူမကြောင့် တစ်ကိုယ်လုံး ဖျဥ်းခနဲဖြစ်သွားရအောင် စိတ်လှုပ်ရှားသွားရသော်လည်း

"ပင်ပန်းလိမ့်မယ်..."

"သူပဲ တစ်နေကုန် နားနေဖို့ စိတ်ကူးထားဆို.."

တကယ်ပါပင်။
ဟိုးအရင် အစကတည်းကနေ အခုထက်ထိတိုင် သူ့ဘက်ကနေ အမြဲတမ်းအစပျိုးကာ ဆွဲဆောင်ခဲ့သည်မှာမှန်သော်လည်း တကယ်တမ်း အဆုံးသတ်မှာတော့ သူလိုဆရာကြီးကို ညံ့သက်သွားအောင် ဖမ်းစားနိုင်သည်မှာ တစ်လောကလုံး၌ သူမတစ်ယောက်တည်းသာ လုပ်နိုင်စွမ်းရှိလေသည်။ထိုသို့ဖြင့် သူသည် ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နှင့် သူမ၏ကိုယ်လုံးလေးကို သူ့အပေါ်တင်ကာ ထထိုင်လိုက်သည်။ပြီးလျှင် ကုတင်ကိုမှီကာထိုင်နေသော သူ့အပေါ်သို့ သတိကြီးစွာ ထိုင်ချလိုက်သည့် သူမ၏ပုံစံနှင့်အတူ ထိတွေ့လာသော အထိအတွေ့တို့က သူ့ရင်ကို ဟင်းလင်းပွင့်သွားစေလေသည်။ထို့နောက်တွင်မူ သူ့လည်တိုင်ကိုသိုင်းဖက်၍ မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်လာသည့် ချစ်ရလွန်းသောမျက်နှာလေးအား လက်ဝါးနှစ်ဖက်ထဲထည့်ကာ ပါးလေးတွေကို လက္မနှင့် အသာအယာပွတ်သပ်နေရင်းမှ သူက

"ကိုယ့်အပေါ်မှာ နေရတာကြိုက်လား..."

ထိုအခါ သူမက သူ့မေးရိုးကိုဖိကပ်၍ တစ်ချက်နမ်းပြီးမှ မျက်ဝန်းတွေထဲအထိ ပြန်လည်စိုက်ကြည့်ကာ

"ကို့မျက်နှာကို ဒီလိုကြည့်နေရတာ ကြိုက်တယ်..."

သူမ၏အဖြေကို သူက မျက်နှာရှေ့ဝဲကျနေသော ဆံပင်လေးအား သိမ်းပေးလိုက်ရင်းမှ မြတ်နိုးစွာ ပြုံးကြည့်လာရင်း

You are the only Exception!Where stories live. Discover now