"အဟင့်..."
မနေနိုင်စွာပင် ထွက်သွားရသည့်အသံလေးသည် စိတ်ဆန္ဒတွေကို မထိန်းချုပ်နိုင်တော့၍ ထွက်ပေါ်လာသောအသံလေးမှန်း သိလိုက်သည်ကြောင့် ထိုအချိန်မှာ သူက အကုန်လုံးကို ရပ်တန့်ပစ်လိုက်သည်။ထို့နောက် သူ့ကိုကြည့်လာသည့် မျက်ဝန်းလေးတွေကို မျက်လုံးချင်းဆုံအောင်ပြန်ကြည့်လိုက်လျှင်
"ကို့ကို လိုချင်တယ်..."
သူမ၏ပါးစပ်ဖျားကနေ ထွက်ပေါ်လာသည့် တုန်ယင်တိုးညင်းလှသောအသံလေးက သူ့ရင်ထဲမှာတော့ နှလုံးသားထိရောက်အောင် အရှိန်အဟုန်ပြင်းပြင်း ရိုက်ခတ်ကာ မြည်ဟီးသွားရလျှင် ချက်ချင်းပဲ နှုတ်ထွက်စကားတို့၏အလိုကျ အပ်နှင်းရန်ပြင်လိုက်လေတော့သည်။
"မနက်ကျရင် ကလေးတွေမနက်စာအတွက်ကို စိတ်မပူနဲ့နော်...။စိတ်ဖြောင့်ဖြောင့်နဲ့ နောက်ကျတဲ့အထိ စိတ်ချလက်ချအိပ်လို့ရတယ်..."
"ဘယ်လောက်ထိခန့်မှန်းထားလို့ ဒီလိုတွေလာပြောနေတာလဲ..."
"ကိုယ်လဲမပြောတတ်ဘူး..."
သူမက ကျောခိုင်းနေရာကနေ သူ့ဘက်ကို မျက်နှာချင်းဆိုင်ပြန်လှည့်ကာ လည်တိုင်ကို သိုင်းဖက်လိုက်ရင်း
"ခုနက အိပ်ချင်နေတဲ့စိတ်ထက်ကို အခုဖြစ်နေတဲ့စိတ်က အဆတစ်ရာလောက် ပိုနေတယ်..."
"အွန်း..ကိုယ်သိတယ်..."
"မနက်ကျရင် နေသန်ကြိုက်တဲ့ ကန်စွန်းဥကို နို့နဲ့ ထောပတ်သီးရောပြီးတော့ လုပ်ကျွေးရမဲ့ အလှည့်နော်...။ဘယ်လိုလုပ်ရလဲဆိုတာ သိတယ်မို့လား..."
"အဟွန်း ကလေးတွေအတွက် ဘာမှစိတ်ပူမနေနဲ့လို့ ပြောထားတယ်လေ...။ကိုယ်အားထုတ်ထားသမျှက ဖြည့်စွက်စာအကြောင်းပြောရင်းနဲ့ ပျောက်ပျက်ကုန်တော့မှာပဲ..."
"ကိုယ့်ကိုယ်ကိုယ် အဲ့လောက်အထင်သေးတာလား..."
ထိုကဲ့သို့ ဆွဲဆောင်မှုရှိလှသည့် လေသံတိုးတိုးလေးအဆုံးမှာတော့ သူ့နှုတ်ခမ်းပါးတွေကို မက္မောစွာထိတွေ့ကာ သူ့ဆီသို့တိုးကပ်၍ တစ်ကိုယ်လုံးပစ်ဝင်လာလေလျှင် အငိုက္မိသွားရသောသူက သူမဆီမှာ ခဏတာမျှနစ်မျောသွားရလေသည်။ထို့နောက် စိတ်ကိုပြန်ကာဖမ်းယူလိုက်သော်လည်း သူ့ဘက်ကနေ ပြန်ပြီးဦးမဆောင်တော့ဘဲ သူမ၏သဘောအတိုင်းသာလွှတ်ပေးထားလိုက်ရင်း လက်တွေကတော့ နှစ်ဦးကြားထဲကအလွှာတွေကို တစ်ခုမှမကျန်အောင် ဆွဲခွာပစ်လိုက်သည်။ထိုအခါ သူ့ခြေထောက်တွေကို တိုးဝှေ့လာသော ခြေဖဝါးနုနုလေးက သူ့ခံတွင်းထဲမှာရှိနေသည့် အစိုးမရနိုင်သော သူမလျှာ၏ မွှေနှောက်ရစ်ပတ်နေမှုတွေအတိုင်း အစုန်အဆန် ပွတ်တိုက်နေပေရာ သူသည် ပြင်းပြလာသော စိတ်ဆန္ဒတွေအရ အသက်ရှုသံတွေကပါ မြန်ဆန်လာရလေသည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
Logic
Start from the beginning
