စကားဆုံးသည်နှင့် ဖက်ထားသည့်သူ့လက်တွေက ပို၍တင်းကျပ်သွားကာ သူမ၏ကုပ်ပိုးလေးက နွေးခနဲဖြစ်သွားပြီးလျှင်

"မရှိဘူး..."

ပြောပြီး တစ်ဆက်တည်းမှာပင် သူမ ခေါင်းအုံးထားသည့်လက်သည် သူကိုင်နေကျနေရာကို ညင်သာစွာဆုပ်နယ်လာရင်းမှ နောက်ကနေသိုင်းဖက်ထားသည့်လက်ကတော့ အောက်ကိုဆင်းသွားလေသည်။ထိုအခါ သူမက သွားပြီဆိုသောအသိနှင့် အမြန်ရုန်းထွက်ရန်ပြင်လိုက်လျှင် သူက ချက်ချင်းပဲ မြုပ်နေအောင်သိမ်းဖက်ကာ သူမ၏ခြေထောက်တွေကိုပါ သူ့​ခြေထောက်ကြားထဲသို့ ဆွဲညှပ်ထားလိုက်သည်။

"အိပ်ချင်နေပြီလို့ ပြောနေတာကို ဘယ်လိုဖြစ်နေတာလဲ..."

"မနက်ဖြန်ကျရင် တစ်နေကုန် အိပ်လေနော်...။ကလေးတွေကို ကိုယ့်တာဝန်ထားလိုက်.."

"ဟာ...တစ်နေကုန် အိပ်နေရလောက်အောင်ထိ ဖြစ်နိုင်တယ်လို့ ပြောချင်တာလား...။ရှင်နော်...၊လုပ်ရဲရင် လုပ်ကြည့်လိုက်.."

"ဘာရှင်လဲ...၊ယောက်ျားလို့ခေါ်.."

"မခေါ်ဘူး...၊ဖယ်..။ရှင် ဘယ်လိုဖြစ်နေတာလဲ..."

"ဘယ်လိုဖြစ်နေလဲဆိုတာ မြင်နေရဲ့သားနဲ့ကို...။ဘာလဲ...၊မိန်းမက ကိုယ့်ကို ပါးစပ်ကနေ ထုတ်ပြောစေချင်တာလား..."

ထိုသို့သော သူ့စကားများကြောင့် သူမက စိတ်ပျက်လှစွာနှင့်ပင်

"ဘာလို့ တစ်ငေါက်ထပြီးတော့ မိန်းမနဲ့ယောက်ျားဇာတ်လမ်းကို အရူးထနေတာလဲ...။ကလေးတွေကို မနက်ကျရင် မနက်စာ ထမလုပ်ပေးနိုင်ဘဲ နေလိမ့်မယ်လို့.."

"ကိုယ် လုပ်ပေးမယ်လို့ ပြောထားတယ်လေ...။မနက်ဖြန်ကို ဘာမှလုပ်ဖို့စဉ်းစားမနေနဲ့..။အေးအေးဆေးဆေးနားနေဖို့ပဲစဉ်းစား...၊နော် သဲ.."

တိုးဖွဖွစကားသံအဆုံးမှာ အောက်ပိုင်းမှနေရာဆီသို့ ထိကိုင်လာသောလက်တွေသည် တိုးဝင်မလာသေးဘဲ အပေါ်ကနေသာ ပွတ်သပ်နေသောကြောင့် သူမ၏ကိုယ်လေးက ချက်ချင်းပင်တောင့်တင်းသွားရသည်။ထို့နောက် နွေးနေသောလက်ဖဝါးပြင်၏ အထိအတွေ့က အုပ်မိုးကာထိတွေ့လိုက်သည်ကို ခံစားလိုက်ရလျှင် သူမ၏နှလုံးသားကိုပါ ဆုပ်ကိုင်ခံလိုက်ရသကဲ့သို့ နွေးထွေးမှုက ကူးစက်ပျံ့နှံ့သွားလေသည်။သို့နှင့်ပင် လုံးဝတိုးဝင်မလာဘဲ ဆော့ကစားသလိုသာ လုပ်နေသောလက်တွေကြောင့် သူမက မရိုးမရွဖြစ်ကာ သူ့ဘက်ကို ခေါင်းလေးစောင်းပြီးလှည့်ကြည့်ရင်း ရန်ထောင်ရန်ပြင်လိုက်လေသည်။

You are the only Exception!Where stories live. Discover now