လေသံက သိပ်မဟုတ်ချင်တော့သည်မို့ အိပ်ချင်နေသည့်သူမက မခံစားနိုင်စွာပင် တစ်ဖက်လှည့်အိပ်ကာ သူ့ကိုကျောခိုင်းလိုက်တော့သည်။

"တော်ပြီ...၊ဘာမှလာမပြောခိုင်းနဲ့တော့..။အိပ်ချင်နေပြီ..."

ထိုသို့ဖြင့် တစ်ဖက်လှည့်အိပ်သွားသောကြောင့် သူ့ရင်ဘတ်နှင့် ကြားထဲမှာဟသွားရလျှင် သူက သူမ၏ကိုယ်လုံးလေးကို ပြန်ပြီးဆွဲယူကာ တင်းနေအောင်ထွေးဖက်ထားမိသည်။ထိုအခါ သူမက ခဏတော့ သတိချပ်လိုက်သော်လည်း ဆက်လှုပ်မလာတော့သည်ကြောင့် စိတ်ချလက်ချအိပ်မည်ပြင်လိုက်စဉ်

"မိန်းမ.."

ရုတ်တရက်ထွက်လာသောအသံကြောင့် ချက်ချင်းပင် မျက်ခုံးတွေတွန့်ချိုးကာ ဘာဖြစ်သွားတာလဲဆိုသောအကြည့်နှင့် သူ့ဘက်ကို ခေါင်းလေးလိမ်ကာကြည့်လိုက်လေလျှင်

"မိန်းမ..ကိုယ့်ရဲ့မိန်းမ..."

ဒီတစ်ခါမှာတော့ ဘယ်လိုမှနေလို့မရတော့သည်မို့ ပါးစပ်ကနေထုတ်ကာ မေးလိုက္မိသည်။

"ဘာဖြစ်နေတာလဲ...။ရုတ်တရက်ကြီး ဘာစိတ်ကူးပေါက်ပြီးတော့ အဲ့လိုတွေလာခေါ်နေရတာလဲ..."

"ကိုယ့်မိန်းမကိုယ် မိန်းမလို့ခေါ်တာ ဘာထူးဆန်းနေလို့လဲ...။စိတ်ကူးပေါက္မှ ခေါ်ရမှာလား..."

"ခါတိုင်း အဲ့လိုမှမခေါ်တာကို..."

"အဟွန်း...ဟိုနွားသိုးကြီးက မိန်းမရဖို့အရေး သိပ်ခက်ခဲနေတော့ ရပြီးသားကိုယ်က ဂုဏ်ဆာချင်စိတ်တွေ ပေါက်လာလို့လေ...။မိန်းမလို့ခေါ်ရတာ တော်တော်အရသာရှိတာပဲ ဟင်းဟင်း..."

အော် ငါ့နှယ်..စိတ်ပျက်လိုက်တာ.....။

အသက်ကြီးပြီး အချိန်မစီးကြတဲ့ဟာတွေပါလား.....

ထိုကဲ့သို့ သူမက စိတ်ထဲကနေ စိတ်ပျက်လက်ပျက်ဖြင့် ပြောမိရင်း အပြင်မှာလည်း အိပ်ချင်နေပြီမို့ ရှုံ့မဲ့ကာပင် ပြောလိုက်လေသည်။

"ကျွတ်..အိပ်ကာနီးကို အရူးထမနေနဲ့တော့...။ဘယ်လိုလူတွေမှန်းလဲမသိဘူး တစ်ယောက်တစ်မျိုးတွေ...။ငြိမ်ငြိမ်လေးအိပ်ဖို့ စိတ်ကူးမရှိဘူးလား…"

You are the only Exception!Where stories live. Discover now