"ဘာတွေလဲဆိုတော့ ထုံးစံအတိုင်းပေါ့..။မိန်းမတစ်ယောက်ရဖို့အရေးကို ကိုယ်တို့က ကိုယ့်ထမင်းကိုယ်စားပြီးတော့ အလကားမတ်တင်း ဆွေးနွေးတိုင်ပင်ပေးနေရတာ..."

"ကိုကြီးကလဲ တကယ်ပါပဲ...။သူ့ကောင်မလေး နေမကောင်းဘူးကြားတာနဲ့ ချက်ချင်းထပြန်သွားတဲ့လူက ဘာဆက်ဖြစ်လဲဆိုတော့ အခုထိလဲ ဘာမှအခြေအနေမထူးဘူး...။သူ့ကို ဘာဖြစ်ချင်နေတာလဲလို့ မေးကြည့်ပေးပါဦး..."

သူက သူမ၏ကိုယ်လုံးလေးကို ရင်ခွင်ထဲဆွဲသွင်းကာ လက္မောင်းပေါ်တင်ထားရင်းမှ မကျေမနပ်ပြောနေသည့်မျက်နှာလေးအား ဖိကပ်နမ်းနေရင်း ပြန်ပြောလိုက်သည်။

"ဘာဖြစ်ချင်နေတာလဲဆိုတော့ ခေါင်းဆောင်မင်းသားက အရမ်းတွေ Drama ဆန်ချင်နေတာ...။ပြောရရင် သူ စိတ်ကူးတဲ့ပုံစံက တအား deep ဖြစ်ပြီးတော့ နင့်နင့်သီးသီးတွေဖြစ်ပြီးမှ နှစ်နှစ်ကာကာ ချစ်ချင်နေတာမျိုး...။အဲ့ဒါကို သူက ဘာမှမစရသေးခင် ကောင်မလေးဘက်က အစုံအလင် ခင်းကျင်းပြသွားတော့ ဘာဆက်လုပ်ရမှန်းမသိဖြစ်ပြီး လုပ်ကွက်တွေပျောက် ငုတ်တုတ်တွေမေ့နေတာ...။ကိုယ်တို့ကလဲ ကောင်မလေးကို ပြန်ပေးဆွဲပေးလို့မရ..၊ကားရှေ့ကိုလဲ ဝင်တိုးခိုင်းလို့မရဆိုတော့ ပြောရရင် ဇာတ်ကားတွေထဲကလို ဇာတ်ရှိန်မြှင့်ပေးဖို့က မလွယ်ကူဘူးဖြစ်နေတာပဲ..."

"ဒုက္ခပါပဲ..ကောင်မလေးတော့ သနားပါတယ်...။အိပ်ချင်ယောင်ဆောင်တဲ့သူက ပိုနှိုးရခက်သလို တမင်တကာ မချစ်ချင်ယောင်ဆောင်နေတဲ့သူကို မလှုပ်လှုပ်အောင် ကြိုးစားနေရတာ ပင်ပန်းရှာမှာပဲ..."

"အဟင်း....ဒါပေမဲ့ ခဏပါ...။ကြည့်နေ..ကိုယ်ထင်ထားတဲ့အတိုင်းဆို မကြာခင်မှာ အင်္ဂလန်က နွားကြီးတော့ နွားသိုးကြိုးပြတ်ဖြစ်တော့မှာ..."

ထိုအခါ သူမက သူများကိုပြောပြန်ပြီဆိုသောအကြည့်နှင့် ကြည့်လိုက်ပြီးလျှင်

"သူ့တုန်းကလဲ ဘာထူးတာကျလို့.."

"အဟွန်း ကိုယ့်တုန်းက ဘာလို့လဲ...။ဘယ်လိုတွေဖြစ်ခဲ့လို့လဲ ပြောပြပါဦး..."

"မပြောချင်ပါဘူး..."

"ပြောကြည့်ပါ.....၊ဒီနွားသိုးကြီးက ဘယ်လိုကြိုးပြတ်ခဲ့လဲဆိုတာ..."

You are the only Exception!Where stories live. Discover now