ထိုသို့ဖြင့် သူ့စကားတွေကို အစအဆုံးနားထောင်ပြီးသည့်အချိန်တွင် တင်းကျပ်နေသောစိတ်က လေလျှော့လိုက်သော ပူပေါင်းတစ်လုံးလို ပြေလျော့ပျော့ပျောင်းသွားရပြီဖြစ်သော်လည်း ပြောလက်စနှင့် ကိုယ်ပြောချင်သမျှစကားတွေကို တစ်ခါတည်း အဆိုပြုရသည်။

"ဘယ်လိုပဲဖြစ်ဖြစ် မနန်းမိုတင်မဟုတ်ဘူး...၊တခြားလူတွေဆိုလဲ အဲ့လို နင်ပဲငဆ အပြောအဆိုတွေ အပြုအမူတွေကို အခုမလုပ်သလို နောက်လဲမလုပ်နဲ့ မကြိုက်ဘူး..."

"အွန်း မလုပ်ဘူး..."

မဆိုင်းမတွပြန်ဖြေပေးသည့် အဖြေစကားသံကို ကျေနပ်သွားသောမျက်နှာလေးအား သူက အသာပြုံးကာ စိုက်ကြည့်နေမိစဉ် သူမက ဖက်ထားသည့်သူ့လက်တွေကို တွန်းဖယ်ပစ်လိုက်သည်။

"ဖယ်တော့..ကလေးတွေကို တစ်ဖက်လှည့်ခိုင်းထားတာ ကြာနေပြီ...။ဆိုးဝါးလိုက်တဲ့လူ...။ဒါလား...၊ကလေးတွေကိုချစ်တာ..."

"ဟွန်းဟွန်း ဆိုးလက်စနဲ့ အပြီးထိဆက်ဆိုးပါရစေဦး..."

ဒီလူနှင့်က ဘယ်လိုအကြောင်းကြောင်းကြောင့် ငြင်းခုံရသည်ဖြစ်စေ၊စကားများရသည်ဖြစ်စေ၊ကတောက်ကဆဖြစ်သည်ဖြစ်စေ၊နောက်ဆုံး အသည်းအသန်ရန်ဖြစ်ရသည်ဖြစ်စေ ဒီလိုပုံစံနှင့်ပင် အဆုံးသတ်သည်ဆိုသော အလေ့အထက သူတို့အိမ်ထောင်ရေး၏ Logic ပင်ဖြစ်နေပြီ။မည်သို့ပင်ဖြစ်ပါစေ လင်မယားကြားထဲမှာ အရာအားလုံးက ဝေးကွာနေသည်ထက်စာလျှင် နီးကပ်နေသည်က ပိုပြီးအဆင်ပြေစေသည်မို့ အခုလည်းပဲ သူမကတော့ ထပ်တူကျလာသောနှုတ်ခမ်းတွေကို ရှောင်ဖယ်ဖို့ဆိုတာမျိုးအား စဉ်းစားမနေတော့ပေ။

----------------------------*************---------------------------

"ဘာတွေကို အဲ့လောက်တောင် အကြာကြီးပြောနေကြတာလဲ..."

သူမက စာကြည့်ခန်းထဲကနေ vc ပြောပြီး အခန်းထဲပြန်ဝင်လာသောသူ့အား ဆီးကာမေးလိုက်ခြင်းဖြစ်သည်။ကလေးတွေအိပ်သွားသည့်အချိန်ကနေ ပြောနေကြသည်က နှစ်နာရီနီးပါးကြာမှပင်ပြီးလေရာ အလုပ်လုပ်ရင်း စောင့်နေရသည့်သူမက အိပ်ချင်နေလေပြီ။ထို့ကြောင့် မေးရင်းနှင့် ကုတင်ပေါ်တက်သွားသည့် သူမအားကြည့်ကာ သူက ကလေးတွေကို တစ်ချက်သွားကြည့်ပြီးနောက် အခန်းမီးကိုပိတ်လိုက်ပြီးလျှင် ဘေးနားမှာဝင်လှဲလိုက်ရင်း

You are the only Exception!Where stories live. Discover now