"ဘယ်လိုထင်လို့လဲ.....။သဲလေးစိတ်ထဲမှာ ထင်တဲ့အတိုင်း ကိုယ်က အဲ့လိုလူမျိုးဖြစ်သွားမှာပဲ..."

"အလကားလူ..."

"အဟွန်း...စိတ်ထဲမှာ နည်းနည်းပေါ့သွားပြီလား..."

"မသိဘူး...၊လာမပြောနဲ့.."

"နောက်ဆို ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် တစ်ယောက်တည်း အပင်ပန်းမခံနဲ့..။တစ်ညလုံးမအိပ်ရလဲ ကိုယ့်ကိုနှိုးလို့ရတယ်...။ကလေးတွေက ကိုယ်တို့နှစ်ယောက်ရဲ့ ကလေးတွေလေ...။နှစ်ယောက်လုံးမှာ တာဝန်ရှိတယ်...။ကိုယ့်ကလေးတွေကို ကိုယ့်ခြေကိုယ့်လက်ပြုစုချင်လို့၊သူများလက်ထဲ ထည့်မထားချင်လို့ ကူလုပ်ပေးမဲ့သူတောင် မခေါ်ဘဲနဲ့ ကိုယ်တိုင်အပင်ပန်းခံ အချိန်ပေးထားတာမို့လား...။ဒါပေမဲ့ အဲ့ဒါကို သဲလေးတစ်ယောက်တည်း ရအောင်လုပ်စရာမလိုဘူး...။သဲနဲ့ ကလေးတွေအတွက်ဆို ကိုယ်က မအိပ်ရရ၊မစားရရ ခြွင်းချက္မရှိ အချိန်မရွေး ထလုပ်ပေးနိုင်တယ်...။ဘာလို့လဲဆိုတော့ သဲတို့က ကိုယ့်ရဲ့ ခြွင်းချက်လေးတွေလေ...။ဒီခြွင်းချက်လေးတွေကလွဲရင် ကိုယ့်ဘဝမှာ ကျန်တဲ့ ဘယ်အရာကမှ အရေးကြီးမနေဘူး သိရဲ့လား..."

"ဒါပေမဲ့ သူများတွေကို အဲ့လို ဟိုပြောဒီပြော ပြောတာတွေ မကြိုက်ပါဘူး...။ကိုက တစ်ခါတလေကျတော့ ဘာမှလဲထည့်မတွက်ဘူး...။ပြောချင်တာတွေ အကုန်စွတ်ပြောတာပဲ..."

"အဟင်း..အဲ့ဒါ သဲလေးက ကိုယ်နဲ့ မနန်းမိုကြားက ဆက်ဆံရေးကို မသိသေးလို့ အားနာနေတာ...။ဖေဖေ့ဘက်က အမျိုးမကင်းတဲ့ မနန်းမိုဆိုတာ ကိုယ် ငယ်ငယ်ကတည်းကနေ ဒီအရွယ်ထိ အချိုးမပြေသမျှတွေကို တစ်လျှောက်လုံး မြင်လာရတဲ့သူတွေ...။အစိမ်းသက်သက် သူစိမ်းတွေမဟုတ်ဘူး...။သူမို့လို့လဲ ကိုယ်က ပြောတာပေါ့..။တခြားသူတွေဆို ဘယ်တုန်းက ဘာတွေ ဘယ်လိုများ ပြောဖူးလို့လဲ...။မနန်းမိုကတော့ ကိုယ် သူ့ကို အပျိုကြီးမကလို့ အအိုကြီးလို့ပြောလဲ စိတ်ဆိုးနေမဲ့လူမျိုးမဟုတ်ဘူး...။ပြောရရင် အလုပ်သဘောအရ ၊ ကိုယ့်အကျင့်အရသာ ခပ်တန်းတန်းနေတာ အမျိုးတော်တာကတော့ တော်တာပဲ...။အဲ့ဒါတွေကို ဘာမှထည့်တွက်နေစရာမလိုဘူး ကြားလား..."

You are the only Exception!Where stories live. Discover now