"ကလေးတစ်ယောက်တောင်မရှိလိုက်ဘဲနဲ့ သေသွားရရင် လူဖြစ်ရှုံးတာတော့ အမှန်ပဲ..။ကိုယ့်မှာရှိတဲ့ အရင်းအမြစ်ကိုတောင် ထုတ်သုံးရကောင်းမှန်းမသိတဲ့လူမျိုး...။ပြောရရင် အဖြစ်မရှိတဲ့လူမျိုးပေါ့.."

"သူရိန်...ဟား အေးပေါ့လေ ကလေးနှစ်ယောက်ကို တစ်ခါတည်းရအောင် မွေးထားတဲ့ကောင်က ပြောအားရှိတာပေါ့..။ထားပါတော့ကွာ...၊မင်းတို့နိုင်ပါတယ် ဟုတ်ပြီလား..."

"အရှုံးပေးသလိုလိုနဲ့ ဘာမှလာလျှောချပြီးတော့ စကားဖြတ်မနေနဲ့..။အဲ့တော့ မင်းက ဘာဖြစ်ချင်တာလဲ...။ပြန်မကြိုက်တော့ဘူးလား...။အပြတ်ငြင်းပြီးပြီလား..."

အံ့မခန်းထင်က မျက်နှာသေနှင့်ပင် အရက်ကိုတစ်ကျိုက္မော့လိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။

"အပြတ်ပြောပြီးသားကို လက္မလျှော့ဘူးဆိုတော့ မင်းကိုတကယ်ချစ်လို့နေမှာပေါ့ဟ..။မင်းကရော အဲ့ကောင်မလေးကို မကြိုက်တာ သေချာလို့လား...။မကြိုက်ဘူးဆိုရင်တောင် ဘယ်လိုအကြောင်းကြောင့် မကြိုက်ရတာလဲ...။စိတ်ထဲမရှိဘူးလို့တော့ လာမပြောနဲ့..။မင်းစိတ်ထဲမရှိရင် ငါတို့ကိုတောင် ဒီလိုလာပြောနေမှာမဟုတ်ဘူး...။ဒီလိုလာပြောနေကတည်းက မင်းဘက်ကလဲ စိတ်ဝင်စားနေလို့ဆိုတာ ငါတို့သိထားပြီးသား...။ငါပြောတာ ဟုတ်တယ်မို့လား..."

ထိုအခါ အံ့မခန်းထင်က ငြင်းလည်းမငြင်းသလို ဘာမှလည်းပြန်မဖြေ။လက်ထဲက အရက်ခွက်ကိုသာ တွေတွေကြီးစိုက်ကြည့်နေရင်း ခဏအကြာမှ ခပ်တိုးတိုးပြောလာသည်။

"ငါ အဲ့ဒီအရွယ်တွေရဲ့ အချစ်ကိုမယုံဘူး..."

"ဘာရယ်..."

"ဟုတ်တယ်...။ပြောရရင် ငါနဲ့ဆို ဆယ့်တစ်နှစ်လောက်ကွာတယ်ကွာ...။အခုမှ အသက်နှစ်ဆယ်အရွယ် မိဝေးဖဝေးနဲ့ UK မှာ ကျောင်းလာတက်တယ်...။အမှတ်မထင် ငါနဲ့ဆုံတယ်...။ပြီးတော့ ဘာမှတောင်မကြာဘူး...၊ချစ်ပါတယ် ကြိုက်ပါတယ်ဆိုပြီး ဖြစ်သွားတာဆိုတော့..။ပြောရရင် ငါ ဒီအသက်အရွယ်ရောက္မှ ကလေးတွေရဲ့ မသေချာတဲ့ခံစားချက်တွေနောက်ကို မလိုက်ချင်တော့ဘူး...။သူတို့နဲ့အပြိုင်လိုက်ပြီးတော့ စိတ်ကစားနေရမဲ့အရွယ်လဲ မဟုတ်တော့ဘူး...။တကယ်လို့သာ တစ်ခုခုလွဲချော်သွားရင် နင့်နေအောင်ခံစားပြီးတော့ ကျန်ခဲ့ရမှာက ငါပဲ..."

You are the only Exception!Donde viven las historias. Descúbrelo ahora