""အမ်..ကျွန်...ကျွန်တော် အပြင်မှာ အထဲမဝင်ရ
ဆိုင်းဘုတ်ထောင်ထားခဲ့...""

ယေဘုယျအားဖြင့်၊အပြင်ဘက်တွင် ဆိုင်းဘုတ်ထောင်ထားသည့်အဓိပ္ပါယ်မှာ အိမ်သာသန့်ရှင်းရေးလုပ်နေတာ
ဖြစ်ပြီး၊ဘယ်သူကမှသာမန်လျှံကာ
ဝင်ချင်တိုင်းဝင်လာလို့မရပေ။သို့သော်၊
ယခုဆရာဝန်များသည် ထိုအရာကို
ဂရုမစိုက်ဘဲ အထဲသို့ဝင်လာခဲ့တာဖြစ်ပြီး၊
အန်းလင်၏အလုပ်ကိုနှောက်ယှက်ရန်
ဝင်လာမှန်းသိသာလွန်းလှသည်။

""ဟေး! မင်းဘာပြောလိုက်တယ်? အဲ့တော့ ငါတို့ကမင်းအလုပ်ကိုလာရှုပ်တယ်
လို့ထင်နေတယ်ပေါ့? ""

ထိုမျက်မှန်နှင့်လေးလုံးသည်
အန်းလင်အနေဖြင့် သူ၏
မကျေနပ်ချက်ကိုထုတ်ဖော်
ပြောဆိုနိုင်ရဲသေးသည်ကို
ကြားလိုက်ရသည့်အခါ
ချက်ချင်းကို ရန်လိုလာတော့သည်။ အန်းလင်ဆီသို့တည့်မတ်စွာ
လျှောက်သွားပြီး ပြင်းပြင်းထန်ထန်
ရိုက်နှက်လိုက်သည်။
သို့သော် ထိုလေးလုံးသည် တစ်ခေါင်းနှင့်ခေါင်းတစ်ဝက်ကျော်ကျော် အန်းလင်ထက်ပုတာဖြစ်သည့်အတွက်၊
ထိုရိုက်နှက်မှုသည်လူထွားကြီး၏ လက်မောင်းပေါ်သို့သာကျရောက်နိုင်စွမ်းရှိသည်။

အန်းလင်၏ခန္ဓာကိုယ်သည် မာကြောသည့်အရေပြားနှင့်
ကြံ့ခိုင်သည့်ကြွက်သားများဖြင့်
ပြည့်နှက်နေသည့်အတွက်
မနေ့ညက ရေနွေးပူလောင်ထားသည့်
အနာပေါ်သို့ ပြင်းထန်စွာ
အရိုက်နှက်ခံရတာတောင်မှ၊
သူအနေဖြင့် နာကျင်မှုကိုမခံစားရပေ။
ဒီအတိုင်း နှုတ်ဆိတ်ကာ
မတ်တပ်ရပ်နေလိုက်ပြီးမှ ပြဿနာမတက်ချင်သည့်အတွက် လမ်းဖယ်ပေးလိုက်သည်။

အခြားလူများ၏လှောင်ပြောင်ရီမောခြင်းကို
ကျင့်သားရနေခဲ့ပြီးသားဖြစ်သည်။
ထိုကဲ့သို့သောအချိန်မျိုးတွင်၊
ဆိတ်ဆိတ်နေခြင်းကသာလျှင် အကောင်းဆုံးတုံ့ပြန်မှုဖြစ်သည်။သူတို့အနေဖြင့် မချိမခံသာသည့်စကားများပြောဆိုရတာကို
မောပန်းသွားသည့်အခါ ပြန်ထွက်သွားမှာဖြစ်ပြီး သူလည်းသူ့အလုပ်ကိုပြန်ဆက်၍
လုပ်နိုင်မည်ဖြစ်သည်။

အခြားဆရာဝန်နှစ်ယောက်ကတော့အလျင်အမြန်
အိမ်သာအသုံးပြုလိုသည့်အတွက်
အိမ်သာခန်းများထဲသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။
မျက်မှန်နှင့်လေးလုံးတစ်ယောက်ကသာလျှင်
အပြင်၌ကျန်နေခဲ့တာဖြစ်ပြီး၊မောက်မာစွာဖြင့် အန်းလင်ကို ဆူငေါက်ရင်း၊ ဆက်တိုက်ဆိုသလို ရိုက်နှက်လိုက်၊ကန်ကျောက်လိုက်
လုပ်နေခဲ့တာဖြစ်သည်။ အန်းလင်သည် ထိုအရာများကို ဘာစကားတစ်ခွန်းမှမဆိုဘဲ
သည်းငြီးခံခဲ့သည်။

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now