သူမှားကြည့်မိတာဘဲဖြစ်လိမ့်မည်။
ဒါမှမဟုတ်သူ့လိုလူစိမ်းတစ်ယောက်ကို
ခြောက်လှန့်ရန်အတွက်
ထိုမိန်းကလေးဘက်မှစီစဉ်ထားသည့် နောက်ပြောင်မှုတစ်ခုလည်းဖြစ်ကောင်းဖြစ်နိုင်သည်။

ယောင်းယီ မျက်တောင်ခတ်လိုက်ပြီး၊
သူ့ကိုယ်သူစိတ်အားပေးကာ၊ရုပ်ဝါဒ[1]၌
ခိုင်မာစွာယုံကြည်မထားသည့်
သူကိုယ်သူပစ်ပစ်ခါခါအပြစ်တင်လိုက်သည်။

[1] ရုပ်ဝါဒ = ရုပ်ဝတ္ထုမှ တပါးအခြားသောအရာ
ဘာမှမရှိဟုယုံကြည်ထားသည့်သဘောတရား

""ငါဘာတွေလျှောက်တွေးနေတာလဲ!? ကြည့်ရတာ အေးလွန်းလို့ ငါ့ဦးနှောက်ခဲသွားပုံရတယ်!""

ယောင်းယီ စိတ်အနှောင့်ယှက်ဖြစ်စွာဖြင့်၊
သူခေါင်းသူ ပြန်ထုလိုက်သည်။

သူ့ကြည့်ရတာ သူနာပြုမများ လုပ်ကြံပြောဆိုထားသည့်ပုံပြင်များအပြင်၊
လမ်းဆုံ၌ မီးရှို့ထားသည့် Joss paper
အပုံလိုက်နှင့် အခုလေးဖတ်ခဲ့ရသည့်သတင်း အစရှိသည်တို့ပေါင်းစပ်သွားသည့်အခါ မသိစိတ်မှအလိုအလျောက်
ကြောက်ရွံသွားပုံရပြီး၊ သူကို မရှိသည့်အရာကိုအရှိဟုထင်မှတ်စေကာ
စိတ်ခြောက်ခြားသွားစေခြင်းဖြစ်လိမ့်မည်။

ဟုတ်ပါတယ်လေ၊ သူ့စိတ်ကူး၏အထင်မှားမှုသက်သက်
တစ်ခုသာဖြစ်လိမ့်မည်။

သူကိုယ်သူအလွန်အမင်း
နှစ်သိမ့်နေပါသော်လည်း၊ယောင်းယီ ဓာတ်လှေကားအတွင်းပိုင်းဆီသို့
တိတ်ဆိတ်စွာဖြင့်တဖြည်းဖြည်းချင်းစီ တိုးကာရွေ့သွားပြီး ဓာတ်လှေကားတံခါးနှင့် ဝေးဝေးသွားဖို့ကို ကြိုးစားနေသည့်ပုံမှာ သူ့ကိုသက်တောင့်သက်သာမဖြစ်စေသည့်
အရာတစ်ခုတည်ရှိနေသည့်အလားပင်။

ဒင် -

အဆုံးမှာတော့ဆယ်လွှာသို့
ရောက်သွားခဲ့ပြီဖြစ်သည်။

ယောင်းယီ တင်းတင်းစေ့ထားသည့်
သူ၏မှေးကိုဖြေလျော့လိုက်ပြီး၊ ယခုဓာတ်လှေကားထဲမှထွက်ခွာဖို့ရန်ကို မစောင့်ဆိုင်းနိုင်တော့ပေ။သို့သော်
ဒဏ်ရာရရှိထားသည့် ခြေကျင်းဝတ်သည်
အလျင်အမြန်ထွက်သွားချင်နေသည့် သူ၏ခြေလှမ်းများကိုဆန့်ကျင်နေလေသည်။
သူအနေဖြင့် ဆန္ဒစောလေလေ၊ပိုပိုပြီး စိတ်လှုပ်ရှားလာလေဖြစ်သည်။
ပြည်တည်နာရှိနေသည့်အခြမ်းကြောင့် သူ၏ပါးစပ်တစ်ခုလုံးထုံထိုင်းကာ
နာကျင်နေသည်မှာသူအနေဖြင့်
ထိုအသားစကိုလှီးကာဖြတ်ထုတ်
ပစ်ချင်နေလုမတတ်ပင်ဖြစ်သည်။

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now