" ခဏနေဦးမယ် ဟိုကောင်တွေအရင်ချိုးပစေ "
" ဟုတ်ပါပြီ "
မဟာ့ ရင်ဘတ်နားကို သူ့ခေါင်းနဲ့ပွတ်ပြီး ကြောင်ပေါက်လေးတွေလို ချွဲနေသည် ။ ဒီကလေးကို သူအများကြီး ထိန်းရမှာပဲ ။ ကိုကိုး ဆိုတာနဲ့အရည်ပျော်သွားတတ်တဲ့သူနဲ့ ဒီငဂျစ်နဲ့ရှေ့ဆက်ပြီး တော်တော်ကို လှလှပပကြီး ခရီးဆက်ရဦးမည်
" ငအောင်ရေ ကျုပ်ပြန်ပြီ "
" ပြန်ပါဗျာ ပြန်ပါ အပိုတွေလျှောက်မတွေးပါနဲ့ ဒါ့ထက် ဒီက အကိုက အထွန်းရဲ့ ..."
" ဟုတ်တယ် ဒါ ကျုပ် ကိုကိုး "
" တွေ့ရတာဝမ်းသာတယ်ဗျာ အေးရွာကိုတာဝန်ကျတဲ့ ဆရာဝန် ဆို "
" ဟုတ်တယ် မဟာအာကာ ပါ "
" အောင်အောင်ပါ "
လက်ဆွဲနှုတ်ဆက်လိုက်ပြီးမှ
" ဂျစ်တူးကို သေချာလေး ခေါ်ထားပေးလို့ ကျေးဇူးပါ "
" ရပါတယ်ဗျာ ဒီကောင်တစ်ခုခုဖြစ်လာမှန်းသိလို့ အိမ်ကို လှမ်းပြောလိုက်တာ "
" ဟုတ်ကဲ့ "
" သွားပြီ ဟေ့ကောင် ရွာပြန်လာဦး "
" အေးအေး "
ဂျစ်တူးက သူ့သူငယ်ချင်းတွေနဲ့ရှေ့ကထွက်သွားပြီး မဟာ လဲ သွားမည်ပြုစဉ်
" ကိုမဟာအာကာ "
အောင်အောင် က လှမ်းခေါ်သဖြင့် မဟာ လှည့်ကြည့်မိသည်
" အထွန်း နဲ့ကျုပ် ငယ်ငယ်ထဲက သိလာတာဗျ သူ့မိသားစုက လွဲရင် တခြားသူစိမ်းကို ခင်တွယ်တာ ဒါပထမဆုံးမြင်ဖူးတာပဲ သူ့ကိုစောင့်ရှောက်ပေးပါ သူ့မှာ ဒဏ်ရာတွေအများကြီးရှိပြီးသားမို့ ထပ်မမေးပါနဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ ပြောပြတာပါ "
" ကျေးဇူးတင်ပါတယ်အောင်အောင် ကိုယ် မှတ်ထားပါ့မယ် "
မှော်ထဲကနေထွက်ပြီး ကားစီးကာ ပြန်လာတော့ ဂျစ်တူးက ထုံးစံအတိုင်းပေါ့ ။ ကားပေါ်ရောင်းသမျှဈေးသည်တိုင်း ဝယ်စားသည် ။ တစ်ခုပြီးတစ်ခု ။
" ဟေ့ကောင် အထွန်း မင်းအလာတုန်းကလဲ အဲ့လိုပဲစားနေတာလား "
" လာတုန်းကတော့ မစားနိုင်ဘူးကွ ဝမ်းနည်းနေတာ "
အပိုင်း ၂၁ / အပိုင္း ၂၁
Start from the beginning