အရင်ဦးဆုံးအနေဖြင့် နှစ်ဖက္မိဘများ၏ နေ့နံများမှာ အတူတူရေသပ္ပာယ်ကြပြီးလျှင် နှစ်ယောက်လုံး၏ နေ့နံများမှာ သက်စေ့ကပ်လှူလိုက်ကြသည်။ပြီးလျှင် ကိုယ်ဝန်ဆောင်များရှိသည့် ကိုကြီးတို့လင်မယားနှင့် ဝင့်ဝါတို့အတွက်ပါ ဆုတောင်းပေးခဲ့ကြသည်ကြောင့် အားလုံးပြီးစီးသွားသောအခါမှာ လက်တွေက အတော်ပင်ညောင်းသွားပြီဖြစ်သည့်နည်းတူစွာ စိတ်တွေကလည်း ထပ်တူချမ်းသာလျက်ပင် ရှိကြပေသည်။
ထိုသို့ဖြင့် ပြန်ထွက်လာသည့်အချိန်မှာ အာရုံတက်ချိန်ရောက်ပြီမို့ ပတ်ဝန်းကျင်က ထင်သာမြင်သာ လင်းလင်းကျင်းကျင်းရှိနေချေပြီ။
မပြန်ချင်သေးသည့်သူမက ဘေးဘက်ရှိဇရပ်တစ်ခုဆီသို့ သူ့ကိုခေါ်သွားကာ နှစ်ယောက်သား ထိုင်လိုက်ကြရင်း အေးချမ်းလှသော ဤအခိုက်အတန့်အား ခေတ္တခဏခံစားနေမိကြသည်။
တသုန်သုန်တိုက်ခတ်နေသည့် မြောက်လေအေးအေးက တစ်ချက်တစ်ချက် ညင်သာစွာ တိုးဝှေ့နေသည်ကြောင့် လေအဝေ့မှာ လိုက်ပါလှုပ်ခတ်သွားရသော ဆည်းလည်းသံလေးများသည် ဘုရားပရိဝုဏ်အနှံ့တွင် ငြိမ့်ငြိမ့်ညောင်းညောင်းထွက်ပေါ်နေလေသည်။
ထိုနည်းတူစွာပင် တစ်ဖက္မှာတော့ မေတ္တာပို့ဆုတောင်းသံများနှင့်အတူ လေထုထဲသို့ပျံ့လွင့်နေသည့် ခေါင်းလောင်းထိုးသံများက ကြားရသူအပေါင်း၏ ကိုယ်စိတ်နှလုံးအား ရေအေးအေးနှင့်ဆွတ်ဖျန်းလိုက်သကဲ့သို့ ကြည်လင်ချမ်းမြေ့သွားရစေသည်။
လောကတွင် ကိုယ်စိတ်နှစ်ပါး အေးချမ်းစေသည့် အရိပ်ခြောက်ပါးရှိလေသည်။
(၁)နေပူထဲကလာသူတို့အတွက် နားနေမှီခိုနိုင်သော အေးမြလှသည့် သစ်ပင်ဝါးပင်တို့၏အရိပ်
(၂)စေတနာ၊မေတ္တာအပြည့်အဝဖြင့် ကြည့်ရှုစောင့်ရှောက်ပေးသည့် ဆွေမျိုးညာသကာတို့၏အရိပ်
(၃)ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပေးလာသည့် မိဘတို့၏အရိပ်
(၄)အတတ်လည်းသင် ပဲ့ပြင်ဆုံးမပေးကြသည့် ဆရာသမားတို့၏အရိပ်
(၅)မင်းကျင့်တရားနှင့်အညီ တရားမျှတမှုရှိစွာ တိုင်းပြည်ကိုအုပ်ချုပ်သည့် ပြည့်ရှင်မင်းတို့၏အရိပ်
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
Practice
Start from the beginning
