ကလေးပီပီ ဘုရားလာလျှင် ဘုရားရှိခိုးဖို့၊ကုသိုလ်ရဖို့ဆိုသည်ထက် ငါးကန်ဘက်ကိုသွားဖို့သာ စိတ်ဝင်စားမိတာပင်။

သူမတင်သာမဟုတ်။ကလေးတိုင်း ကြိုက်နှစ်သက်သည့်နေရာဖြစ်သောကြောင့် အမြွှာလေးတွေသည်လည်း ထိုနည်းတူစွာပင် ဖြစ်ပေဦးလိမ့်မည်။

ထိုသို့ဖြင့် သူမက ဟိုဒီလှည့်ပတ်ကြည့်ကာ အမြွှာတို့အကြောင်းပဲ တောက်လျှောက်အတွေးများနေစဉ် ရုတ်တရက် သူက သူမ၏လက်ထဲသို့ ပန်းတွေထိုးပေးလာသောကြောင့် သူ့ကိုမော့ကြည့်လိုက္မိလျှင်

"ကိုယ့်ကို ခဏကိုင်ထားပေးဦးနော်..."

စကားဆုံးသည်နှင့် သူ့လက်တွေက သူမ၏အင်္ကျီမှာရှိသည့် ကြယ်သီးတွေဆီသို့ရောက်လာကာ တစ်လုံးချင်းစီကို စေ့ငှအောင်တပ်ပေးလာသည်။

"မနက်အစောပိုင်းဆိုတော့ ရာသီဥတုကအေးတယ်...။သေချာလုံခြုံအောင်ဝတ်ထားမှရမှာ..."

ထိုအခါတွင် သူမကတော့ ခေါင်းညိတ်ပြလိုက်ရင်းမှ ကျေနပ်စွာဖြင့် အသာအယာပြုံးနေမိသည်။ပြီးလျှင် သူက ကြယ်သီးအပြည့်တပ်ပြီးသွားသောအင်္ကျီကို လုံမလုံသေချာကြည့်ပြီးမှ လက်ထဲကပန်းတွေကိုပြန်ယူပြီး သူမ၏လက်ကလေးကို ထွေးဆုပ်လာကာ

"ရပြီ..လာ သွားကြမယ်..."

ထို့နောက် နှစ်ယောက်သား ဘုရားတန်ဆောင်းရှိရာဘက်သို့ အေးအေးလူလူပင် ခြေလျင်လျှောက်လာခဲ့လိုက်ကြသည်။ဖိနပ်တွေကို ကားပေါ်မှာပင် တစ်ခါတည်းချွတ်ခဲ့သည်ကြောင့် အေးစက်နေသည့်လမ်းမပေါ်တွင် ခြေဗလာနှင့်လျှောက်နေသောသူမအား သူက တစ်ချက်ကြည့်လာရင်း

"သဲ ခြေထောက်တွေအေးနေပြီလား...။ဒီလိုမှန်းသိရင် ဘုရားတန်ဆောင်းနားအထိ စီးခဲ့ပါတယ်..။အောက်က အေးစက်နေတာပဲ..."

"ဟင့်အင်း မအေးပါဘူး...။ခဏလောက်ပဲ လျှောက်ရတာကို..။ရတယ် ဘာမှမဖြစ်ဘူး..."

သူ့ကိုပြန်ပြောနေစဉ်မှာပင် နောင်ဒိုင်းသံ တဒူဒူက ထွက်ပေါ်လာသောကြောင့်

"ဟော..မျက်နှာသစ်တော်ရေ ကပ်တော့မယ်...။ကို မြန်မြန်သွားကြရအောင်..."

You are the only Exception!Where stories live. Discover now