----------------------------***********----------------------------

မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးဆီသို့ သူမတို့ရောက်ချိန်တွင် လေးနာရီထိုးရန် အနည်းငယ်မျှသာ လိုတော့သည်။

ကားပေါ်ကဆင်းလိုက်သည်နှင့် နေခြည်မဖြာခင် နှင်းမှုန်တို့ဖြန့်ကာကျနေသည့် မန္တလေးဆောင်း၏အအေးဓာတ်က ရုတ်ခြည်းပင် တစ်ကိုယ်လုံးကို လွှမ်းခြုံလာသည်။

တစ်ချက်တစ်ချက္မှာ မြောက်လေက သုတ်ခနဲ ဖြူးသွားတတ်သည်ကြောင့် သူမက ရင်ဘတ်ဟနေသော အပေါ်ထပ်အင်္ကျီကို လက်နှစ်ဖက်နှင့်ကိုင်ကာ စေ့ထားလိုက္မိရင်း ဘုရားတန်ဆောင်းဘက်သို့ လှမ်းမျှော်ကြည့်လိုက္မိသည်။

ရောင်နီမလာသေး၍ မှောင်ရိပ်သန်းနေသေးသည့် ဘုရားပရိဝုဏ်ဝန်းကျင်သည် နံနက်ခင်းအစောပိုင်းဖြစ်သောကြောင့် မည်သည့်လှုပ်ရှားသံမှမကြားရသေးဘဲ ဘုရားဝင်းတစ်ခုလုံးက ဆိတ်ငြိမ်အေးချမ်းလျက်ပင် ရှိနေ‌‌ေလသည်။

တစ်ချက်တစ်ချက်တွင် ဗောဓိညောင်ပင်ဘက်ဆီမှ လှမ်းကာကြားရတတ်သည့် စောစောထနေကြသော ငှက်တို့၏တွန်ကျူးသံ၊ခိုများ၏ အုပ်လိုက်တောင်ပံခတ်သံကလွဲလျှင် တခြားသောဆူညံသံတစ်စုံတစ်ရာ ရှိမနေသေးပေ။

ထိုကဲ့သို့ ငှက်တွေအသံကြားလိုက်ရတော့ သူမ၏ခေါင်းထဲတွင် ဦးပိန်တံတား၏ ဆောင်းနံနက်ခင်းအား ဖျတ်ခနဲ သတိရမိသွားသည်။

ဒီအချိန်လောက်ဆိုလျှင် တောင်သမန်အင်းမှာ ဆောင်းခိုငှက်တွေ ရောက်နေကြလေတော့မည်။

အမြွှာလေးတွေရောက်လာပြီးချိန် နောက်နှစ်ဆောင်းမှာတော့ လိုက်ပြဖြစ်အောင်ပြဦးမည်ဟု တွေးလိုက္မိရင်း စိတ်ထဲမှာ လုပ်ရမည့်အရာတစ်ခုအဖြစ် သေချာမှတ်ထားလိုက္သည်။

တစ်ဆက်တည်းမှာပဲ ငါးကန်၊လိပ်ကန်ဘက်ကို လှမ်းကြည့်မိလျှင် ထိန်နေအောင်ထွန်းထားသည့် မီးတိုင်များအောက္မှာ မြူမှုန်ခပ်ပါးပါးက ရေကန်ကိုအုပ်ဆိုင်းထားသည့်မြင်ကွင်းအား တွေ့ရလေသည်။

သူမ ငယ်စဉ်က ဘုရားကြီးသို့ရောက်တိုင်း ဒီငါးကန်ကိုမဖြစ်မနေသွားကာ ငါးစာကျွေးရင်းနှင့် ငါးတွေကို ဝအောင်ကြည့်ပြီးမှသာ ပြန်လေ့ရှိသည်။

You are the only Exception!Where stories live. Discover now