အရှေ့ဘက္မှာ ရှမ်းရိုးမတောင်တန်း၊အနောက်ဘက်မှာ မြစ်ဖျားဧရာနှင့် ဇေယျာရွှေမြေ စစ်ကိုင်းတောင်ရိုး၊မြောက်ဘက္မှာ မန်းတောင်ရိပ်တို့အပြင် တောင်ဘက္မှာက ပန်းဆယ်မျိုးထွန်းကားရာ လက္မှုဌာနနှင့် ယက္ကန်းစင်တို့ကခုန်ရာ သေခြင်းကင်း​သည့်မြို့ခေါ် အမရဌာနေ စသဖြင့် အရပ်လေးမျက်နှာပတ်ပတ်လည်၌ လက်ညှိုးထိုးမလွဲ စည်ပင်ဝေဆာသည့် လေးထောင့်ကျကျမြို့တော်။

ယခုအခါမှာတော့ ကမ္ဘာက အသိအမှတ်ပြုသည့် လက်ရှိရာစုနှစ်များ၏ Smart City အဖြစ် ဝင့်ဝင့်ကြွားကြွားရပ်တည်နေပြန်သည့် မြို့တော်။

ထိုကဲ့သို့သော မန္တလေးကို သူမကတော့ သိပ်ချစ်သည်။

ဘယ်နေရာပဲရောက်ရောက်၊ဘယ်မြို့မှာပဲနေနေ သူမအတွက်တော့ မန္တလေးသည် သူမ၏သွေးသား၊သူမ၏နှလုံးသားပင်။

ထို့ကြောင့် သူမသည်လည်း မန္တလေးသူပီသစွာ အစားလည်းမက္၍ စကားလည်းတတ်လေသလားတော့ မပြောတတ်တော့ပေ။

အတွေးတို့နှင့်အတူ လက်ထဲက မလိုင်များများ အကျရည်ပါလေကာ စီလုံတီးအား တစ်ငုံသောက်ရင်း သူ့ဘက်ကိုလှည့်ကြည့်ကာ ပြောလိုက်သည်။

"အမြွှာလေးတွေ ဘယ်မှာပဲမွေးမွေး သူတို့ရဲ့ မွေးရပ်မြေက မန္တလေးပဲ သိလား..."

ထိုအခါတွင် ရုတ်တရက်ပြောလာသော သူမ၏စကားကိုနားထောင်ကာ သူက မနေနိုင်မထိုင်နိုင်စွာဖြင့် အတွန့်တက်ကာပြောလိုက်မိသည်။

"ဒါပေမဲ့ အမြွှာလေးတွေက ထင်းရှူးတောထဲကလာတဲ့ ထင်းရှူးသီးလေးတွေလေ သဲရဲ့..။မန္တလေးကလာတာမှ မဟုတ်တာ...။

သူ့စကားကြောင့် သူမက မျက်ခုံးတွေတွန့်ချိုးကာ အလိုမကျစွာကြည့်လိုက္မိရင်း

"ဘာပဲဖြစ်ဖြစ် ကိုးလလွယ် ဆယ်လဖွားခဲ့တဲ့ သူတို့ရဲ့အမေက မန္တလေးသူလေ...။ဖြစ်တည်လာတဲ့ အဓိကအရင်းအမြစ်ကိုပဲ ကြည့်ရမှာပေါ့ မဟုတ်ဘူးလား..."

"အဟွန်း..အဲ့ဒါကလဲ မမှန်ဘူး...။သဲတစ်ယောက်တည်းကြောင့် ဖြစ်တည်လာတာမှ မဟုတ်တာ..။ကိုယ်လဲပါတယ်လေ...။ကိုယ်က ရန်ကုန်မှာမွေးခဲ့တာဆိုတော့ ရန်ကုန်သူ ရန်ကုန်သား ဖြစ်ခိုင်းလို့လဲ ရတာပဲ..."

You are the only Exception!Where stories live. Discover now