သူ့ကြောင့် အမဲသားနှင့်ရင်းနှီးကျွမ်းဝင်သွားရသော သူမက အမဲလုံးရှမ်းခေါက်ဆွဲကို ဓာတ်ကျတော်မူကာ သို့နှင့်ပင် သူမ လမ်းညွှန်သည့်အတိုင်း ဆိုင်သို့ရောက်ခဲ့ကြလေသည်။ထိုသို့ဖြင့် အမဲလုံးနှင့်ရှမ်းခေါက်ဆွဲကို တောသားမြို့ရောက်ဖြစ်သည့် အခုမှစားဖူးသောသူကပါ ကြိုက်နှစ်သက်စွာ သုံးဆောင်တော်မူလျှင် အစားအသောက်ရွေးလွန်းသည့် သူက အားရပါးရစားနေသည်ကိုတွေ့ရသောကြောင့် သူမသည်လည်း ကျေနပ်၍မဆုံးနိုင်တော့။ထို့နောက်တွင်မူ စားပြီးသောက်ပြီးချိန်မှာ အိမ်မပြန်တော့ဘဲ လက်ဖက်ရည်ဝင်ဝယ်ပြီးလျှင် ကျုံးဘေးသို့ထွက်ခဲ့လိုက်ကြသည်။အချိန်က ရှစ်နာရီကျော်ကျော်ခန့်သာရှိသေးသည်မို့ ကြားထဲမှာ နှစ်နာရီကျော်စာခန့် အချိန်ဖြုန်းရန်အတွက်ကို သူမက ခေါ်လာခဲ့ခြင်းဖြစ်လေသည်။

မန်းမြေပင်ဖြစ်သော်လည်း ဆောင်းတွင်းမို့ နေရောင်ခြည်က အရမ်းမပြင်းဘဲ ခပ်နုနုသာ ကျရောက်နေသည်။ Smart City ၏ သာယာလှပလှသော ကျုံးအရှေ့ဘက်ရှိ လျှောက်လမ်းက ခုံတန်းလေးမှာ အတူတူထိုင်လိုက်ကြရင်း ရှေ့တည့်တည့်ရှိ နန်းမြို့ရိုးနှင့် ကျုံးရေပြင်ကို နှစ်ယောက်သား ငေးကြည့်နေမိကြသည်။

မြန်မာဘုရင်တို့၏ နောက်ဆုံးနန်းစိုက်ခဲ့ရာ မြနန်းစံကျော်ရွှေနန်းတော်ကြီးကတော့ ယခုအချိန်ထိ အရှိန်အဝါမပြတ် ခန့်ညားလှပဆဲပင်။

ကုန်းဘောင်မင်းဆက်၏ဘုရင်များ နောက်ဆုံးစိုးစံခဲ့ရာ မင်းနေပြည်တော်။

ပြင်းထန်လှသော စိတ်ဓာတ်၊ကြံ့ခိုင်သန်မာလှသော နှလုံးသား၊စည်းလုံးလှသော မြို့နေလူထု၏အင်အားများဖြင့် မီးပုံထဲမှ ပြန်လည်နိုးထလာသော ဖီးနစ်ငှက်ကဲ့သို့ အကြိမ်ကြိမ် ပြာပုံကြားကနေ ရုန်းထခဲ့သည့် မြို့တော်။

ဘာသာ၊သာသနာအရောင်အဝါထွန်းကားရာ၊ယဉ်ကျေးမှု အနုပညာသုခုမတို့ ထွန်းကားရာ မြို့တော်။

ထင်ရှားကျော်ကြားလှသည့် ကဗျာ၊စာပေ၊ဂီတ၊အနုသုခုမ စသည့် နယ်ပယ်ပေါင်းစုံတို့၏ စာဆိုကြီးများ၊ပညာရှင်ကြီးများ ပေါ်ထွက်ခဲ့ရာ မြို့တော်။

You are the only Exception!Where stories live. Discover now