"အဟက်..ဘယ်သူက သူနဲ့ ဘဝအဆက်ဆက် ကျင်လည်မယ်ပြောလို့လဲ..."
"မကျင်လည်ချင်ဘူးလား..ပြော..."
သူမဘက်ကို ခေါင်းစောင်းကာ မြှူဆွယ်နေသော မျက်နှာထားကြောင့် သူမက မနေနိုင်စွာ ရယ်လိုက္မိရင်း
"မကျင်လည်ချင်ပါဘူး...၊ကိုယ့်ဘာသာ တစ်ယောက်တည်း တဝဲလည်လည်နေနေလိုက်.."
သူက ပြောင်းပြန်လှန်ကာ အဓိပ္ပာယ်ကောက်ရမည့်စကားတို့ကို သိနားလည်သောကြောင့် လက်ကလေးကို ဆွဲယူနမ်းရှိုက်ကာ တည့်တည့်စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။
"ကျင်လည်ကြရအောင်ပါ...။သံသရာမှာ အားရအောင်ကျင်လည်ပြီးမှ နိဗ္ဗာန်ကို အတူတူလျှောက်လှမ်းကြမယ်လေ..၊မဟုတ်ဘူးလား..."
သူမက ကျေနပ်နေသောအပြုံးတို့ကို မထိန်းနိုင်စွာပင် သွားလေးတွေပေါ်သည်အထိ ပြုံးမိရင်းမှ သူ့မျက်နှာကို ပြန်ပြီးစိုက်ကြည့်ကာ
"နိဗ္ဗာန်ကို အတူတူလျှောက်လှမ်းတာက နောက္မှ..။အခုလောလောဆယ် ဗိုက်ဆာနေပြီ...။မြီးရှည်စားချင်တယ် လိုက်ပို့ပေး..."
"မြီးရှည်...."
"ဟုတ်တယ် မြီးရှည်..."
"ဟုတ်ပြီလေ...။အဲ့ဒါဆို လမ်းထိပ်မြီးရှည်ဆိုင်ကနေ နိဗ္ဗာန်အထိ ကိုယ်တို့အတူတူသွားကြတာပေါ့..။လာ... Let's go.."
သူ့ရဲ့ ပြုံးစစပြောလိုက်သော စကားသံအဆုံးမှာတော့ သူမ၏ ကြည်နူးပီတိဂွမ်းဆီထိစွာ ရယ်မောလိုက်သည့်အသံလေးသည် လွင့်ပျံနေသော ဆည်းလည်းသံ၊ခေါင်းလောင်းသံများနှင့်အတူ ဘုရားပရိဝုဏ်အတွင်း၌ သာယာချမ်းမြေ့ဖွယ်ရာ ပျံ့နှံ့သွားလေတော့သည်။
-------------------------*************------------------------------
မြီးရှည်စားမည်ပြောပြီး တကယ်တမ်း ရောက်သွားသည်ကတော့ ရှမ်းခေါက်ဆွဲဆိုင်ပင်ဖြစ်သည်။ဘုရားကနေပြန်ထွက်ခဲ့ကြပြီးသည့်နောက် ကားပေါ်ရောက်ချိန်မှာ သူက ဘယ်ဆိုင်မှာစားမလဲ မေးလာလျှင် သူမမှာ စိတ်ကူးထဲပေါ်လာသမျှ အရသာမျိုးစုံကိုပြန်တွေးကာ စားချင်စိတ်ရှိသည့်အရသာကို ကြိုးစားပမ်းစားပုံဖော်ရသည်။ထိုသို့ဖြင့် အတန်ငယ်စဉ်းစားပြီး အဖြေထွက်လာသည့်အခါတွင် မန္တလေးမြို့ရှိ များပြားလှသော မြီးရှည်ဆိုင်များထဲမှ သူမ ချင်ခြင်းတပ်သည်မှာ (၁၆)လမ်းမြီးရှည်သာပင် ဖြစ်ပေသည်။သို့သော် ထိုဆိုင်က ပုံမှန်ဆိုင်များကဲ့သို့ နံနက်အစောရောင်းခြင်းမျိုးမဟုတ်ဘဲ ဆယ်နာရီကျော်ကျော် ဆယ့်တစ်နာရီဝန်းကျင်မှသာရတတ်သည်မို့ နံနက်စာအနေနှင့် စားဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ထို့ကြောင့် လောလောဆယ် ဗိုက်ပြည့်စေရန်အတွက် တစ်ခုခုစားဖို့နားချကာ သူမ စားချင်လောက်သည့်နောက်တစ်မျိုးကို အမျိုးတစ်ရာလောက် သူက ရွတ်ပြအပြီးတွင် ယခုကဲ့သို့ အဖြေထွက်လာပြီး ရှမ်းဆိုင်သို့ရောက်လာခဲ့ကြခြင်း ဖြစ်ပေသည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
Practice
Start from the beginning
