ထိုအခါ သူမက တမင်စနေသောသူ့ကို မျက်စောင်းတစ်ချက်ထိုးလိုက်ရင်း ဆုပ်ကိုင်ထားသည့် သူ့လက်ထဲကနေရုန်းထွက်ကာ concealer နှင့် သေချာဖုံးပေးလိုက်သည်။ထိုသို့ဖြင့် သူ့လည်ပင်းအသားရောင်နှင့်ရောပြီး သဘာဝကျကျပျောက်သွားမှပင် စိတ်သက်သာရာရသွားသလို သက်ပြင်းချကာ သူ့ရှေ့ကနေပြန်ထွက်သွားတော့မည့်သူမအား သူက ခါးလေးကိုဆွဲဖက်ထားလိုက်ရင်း
"နောက်တစ်ခါကျရင် တစ်ကိုယ်လုံး အပြည့်ဖြစ်အောင်ပေး...။ဒီလိုတစ်နေရာတည်း မပေးနဲ့.."
"ပေးမနေပါဘူး...။ဘာကိစ္စ တစ်ကိုယ်လုံးပေးရမှာလဲ..."
ထိုကဲ့သို့ မျက်စိရှေ့မှာ မနေ့ညကနှင့်ကွာခြားစွာဖြင့် သူ မဟုတ်သလို ပုံစံဖမ်းနေသောသူမအား သူက သဘောတကျပင်ကြည့်ကာ အသာရယ်လိုက္မိရင်း
"အဟွန်း...ကိုယ်တော့ အရက်ကို လိုအပ်သလို အသုံးချရတော့မယ်ထင်တယ်...။သဲကမူးရင် တခြားလူဖြစ်သွားတာမို့လား...။ဘာပဲဖြစ်ဖြစ် အရက်သောက်တာ မကောင်းတာချည်းပဲတော့ မဟုတ်ဘူး..."
"မနေ့ညက မမူးပါဘူးဆိုနေမှ.."
"အဲ့ဒါဆို မမူးဘဲနဲ့ ကိုယ့်ကို အဲ့လိုတွေဖမ်းစားခဲ့တာလား..."
"ဖမ်းစားတယ်ပဲဖြစ်ရသေးတယ် ဟာသပဲ..."
"မဟုတ်ဘူးလားပြော..၊ကိုယ်စိတ်မကူးထားတာတွေတောင် ကိုယ့်ကိုလာလုပ်ခိုင်းတာလေ..."
သူပြောမှပင် သူမက ပြန်တွေးမိသွားရရင်း ရင်ထဲကို လှိုက်ခနဲဖြစ်သွားရသောကြောင့် ရှက်ရှက်နှင့်ပင် သူ့ရင်ခွင်ထဲတိုးဝင်၍
"သူ့ကိုအတင်းလုပ်ခိုင်းလို့ပဲ လုပ်ပေးရသလိုပုံစံမျိုးနဲ့ လာပြောနေသေးတယ်...။သူပဲ အဲ့ကိစ္စနဲ့ပတ်သက်ရင် ပွင့်လင်းရမယ်ပြောထားပြီးတော့..။တော်ပြီ နောက်တစ်ခါ အဲ့လိုတွေမပြောတော့ဘူး..."
သူက ရင်ခွင်ထဲကနေ စူကောက်ကောက်ဖြင့် မပွင့်တပွင့်ပြောနေသောလေသံလေးကြောင့် ပို၍တိုးကာသိုင်းဖက်ထားလိုက်ရင်း မျက်နှာလေးကိုပင့်တင်ယူကြည့်ကာ
"မပြောဘဲ မနေရပါဘူး...၊ပြောမှရမှာ..။သဲမပြောဘဲနဲ့ ကိုယ်က ဘယ်လိုလုပ်သိနိုင်မှာလဲ...။စိတ်ခံစားချက်တွေဆိုတာ တစ်နေ့ထက်တစ်နေ့တောင်မဟုတ်ဘူး...၊စက္ကန့်နဲ့အမျှ အမျိုးမျိုးပြောင်းလဲနေနိုင်တာ...။ဒီနေ့ ဒီပုံစံကြိုက်ပေမဲ့ နောက်ရက္မကြိုက်တာမျိုး..၊မနေချင်တာမျိုးလဲ ဖြစ်နိုင်တယ်...။အဲဒါကို မပြောဘဲနေပြီးတော့ ကိုယ်ဦးဆောင်တဲ့အတိုင်းပဲလိုက်နေရင် သဲလေး အဆင်ပြေမှာမဟုတ်ဘူး...။ကြာလာရင် စိတ်မပြေလျော့တဲ့အပြင် စိတ်ရောကိုယ်ရော ပင်ပန်းလာလိမ့်မယ်...။နောက် ကိုယ်နဲ့နေရတာကိုပါ ဝန်လေးလာလိမ့်မယ်...။သဲဘက်က ဒီနေ့ စိတ်အခြေအနေဘယ်လိုရှိတယ် ဘယ်လိုဖြစ်ချင်တယ်ဆိုတာပြောပြမှ ကိုယ်က အဲ့ဒါကိုကြည့်ပြီးတော့ အဆင်ပြေအောင် နေပေးနိုင်မှာမို့လား...။ဒီလိုကိစ္စဆိုတာ နှစ်ယောက်လုံးက ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆိုညှိနှိုင်းနိုင်မှ အချိန်တိုင်းမှာ သာယာကျေနပ်ရတယ်ဆိုတဲ့ အနေအထားမျိုးဖြစ်မှာ..."
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
🌼Present🌼
Start from the beginning
