ထိုသို့ဖြင့် သူ့ကိုကြည့်ပြီး ဖြစ်ပျက်သွားသော သူမ၏အမူအရာကြောင့် သူက

"ဘာဖြစ်လို့လဲ..."

သူမကတော့ မျက်စိရှေ့မှာမြင်နေရသည်ကို စိတ်ညစ်ညူးစွာပင်ကြည့်နေမိရာမှ သူ့မျက်နှာကို မျက်နှာငယ်လေးနှင့်မော့ကြည့်ကာ

"ကို ဒီနေ့ ဝတ်စုံပြည့်မဝတ်ဘူးလားဟင်..။နက်ခ်တိုင်ရော...၊ဒါမှမဟုတ် လည်ပင်းပိတ်တဲ့အင်္ကျီပဲဖြစ်ဖြစ် လဲလိုက်ပါ့လား..."

ထိုအခါကျမှ သူက သဘောပေါက်ကာ ပျာယာခတ်နေသောသူမကို ရယ်ဟဟဖြင့် ပြန်ကြည့်မိရင်း

"အကုန်ဝတ်ပြီးနေပြီကို ဘာလို့ တခြားဟာလဲနေတော့မှာလဲ...။တော်ပြီ မလဲချင်တော့ဘူး...၊ဒီအတိုင်းပဲကောင်းတယ် အဟွန်း..."

သူမက ရှပ်အင်္ကျီအပေါ်ကနေ ကုတ်ထပ်ဝတ်ထားပြီဖြစ်သော သူ့ကိုတွေ့ရလျှင် အကျအနဝတ်ပြီးနေပြီမို့ ပြန်ချွတ်ခိုင်းလို့ကလည်း မရတော့။ရှပ်ကြယ်သီးကို အပြည့်တပ်ထားလျက်ရှိ‌ေနသည့်တိုင် ထိုနေရာကိုဖုံးကွယ်မထားနိုင်ဘဲ ဒီအတိုင်း ဖျတ်ခနဲကြည့်မိရုံနှင့်ပင် ဘာဆိုသည်ကိုသိရလောက်အောင် သိသာထင်ပေါ်နေသည်။ထို့ကြောင့် ကြံရာမရစွာဖြင့် မှန်တင်ခုံပေါ်က concealer ဘူးကိုယူကာ သူ့လည်ပင်းက ထင်းနေသောအမှတ်ကို ဖုံးဖို့လုပ်လိုက်လျှင် သူက သူမ၏လက်ကိုဆုပ်ကိုင်လာပြီးမှ

"ဘာလုပ်မလို့လဲ သဲရဲ့.."

"ဒါနဲ့ မမြင်ရတော့အောင် ဖုံးရမယ်လေ...။လူမြင်လို့မှ မသင့်တော်တာကို..၊ရှက်စရာကြီး...."

"ဘာရှက်စရာရှိလဲ..၊ကိုယ်က လူပျိုလဲမဟုတ်ဘူး...။ဒီလိုလုပ်မဲ့ မိန်းမတစ်ယောက်လုံးရှိတယ်ဆိုတာ အကုန်သိနေကြတာပဲလေ...၊ဘယ်သူ့ကိုရှက်နေရမှာလဲ..."

"အဲ့လိုသိနေကြလို့ကို ရှက်ရမှာလေ...။ကို့ကိုဒီလိုလုပ်လိုက်တာ သဲမှန်း အကုန်သိနေကြမှာကို ဘယ်လိုလုပ် မရှက်ဘဲနေရမှာလဲ..."

"ကိုယ်ကတော့ မရှက်ပါဘူး...။ဒီလိုပြချင်နေတာ ကြာလှပြီ..။အိမ်ထောင်ကျရင် လုပ်မယ်လို့တွေးထားတဲ့ ကိုယ့်ရဲ့စိတ်ကူးတွေထဲမှာ မိန်းမပေးထားတဲ့ မာကင်ရာအပြည့်နဲ့ ရုံးသွားတက်ဖို့လဲပါတယ်...။တစ်လက်စတည်း ရှားရှားပါးပါးမာကင်ရာလေးကို အကုန်မြင်သွားအောင် ဒီနေ့ Meeting ခေါ်လိုက်ရမလား..."

You are the only Exception!Where stories live. Discover now