Interlaken

ပြောနေစရာမလိုအောင် ဒီမလာခင်ကတည်းက သူမ သွားချင်နေခဲ့သောနေရာလေးမှာ Interlaken ပင်။နိုင်ငံ၏အလယ်ပိုင်းတွင်ရှိသော Interlaken သည် ဆွစ်ဇာလန်နိုင်ငံရှိ ရှေးအကျဆုံး၊လူသိအများဆုံးနှင့် လူကြိုက်အများဆုံး နွေရာသီအားလပ်ရက် အပန်းဖြေစခန်းများထဲမှ တစ်ခုပင်ဖြစ်သည်။၁၇ရာစုလောက်တွင် ဧည့်သည်စတင်ဝင်ရောက်ခဲ့သော Interlaken သည် ရထားလမ်းများပေါက်ရောက်လာခြင်းနှင့်အတူ ရေကန်များပေါ်တွင် လှေ၀န်ဆောင်မှုများတိုးတက်လာသည်နှင့်အမျှ Bernese Oberland ဒေသ၏ အဓိကခရီးသွားနေရာဖြစ်လာခဲ့သည်။နေ့ရောညပါ Interlaken တစ်ဝိုက္မှာ လုပ်စရာ Activitiy များကပေါများလှပြီး လမ်းလျှောက်ခြင်း၊တောင်တက်ခြင်းနှင့် ပြင်ပလေ့လာရေးခရီးများကဲ့သို့ လူငယ်ခရီးသွားများအတွက် အမျိုးစုံရရှိနိုင်သော အခြား sport activity များစွာလည်းရှိပေသည်။ထိုကဲ့သို့ Adventure မြို့ဟုခေါ်သည့် Interlaken တွင် ရောက်နေရပြီဖြစ်သော သူမအတွက်တော့ အရူးကိုအမဲသားကျွေးမိသလိုပင် သူ့လက်ကိုဆွဲကာ ဟိုပြေးလိုက်ဒီပြေးလိုက်နှင့် တောသူမြို့ရောက်ဖြစ်နေရသည်။နိုင်ငံတစ်ခုလုံးသည် သူမ နှစ်သက်ရသည့်၊သူမ ဝါသနာပါသည့် အရာများနှင့်သာ ပြည့်နှက်နေသောကြောင့် သူမက မြို့ထဲမှာလမ်းလျှောက်နေရင်းမှ သူ့ဘက်ကိုလှည့်ကြည့်ကာ

"ကို ဒီမှာပဲနေကြရအောင်လားဟင်..၊မပြန်ချင်တော့ဘူး....."

သူ့လက္မောင်းကိုမှီတွယ်ပြီး ကလေးတစ်ယောက်လို ချွဲနွဲ့ပူဆာနေသောသူမကြောင့် သူက အသာပြုံးလိုက္မိရင်းမှ ပခုံးလေးကိုသိုင်းဖက်၍

"တကယ် ဒီမှာပဲနေမှာလားပြော..။နေချင်ရင် တစ်ခါတည်း မပြန်တော့ဘဲနေလို့ရတယ်..."

ထိုအခါကျပြန်တော့လည်း သူမက တွေဝေသွားရရင်း ခဏကြာမှ ခေါင်းကိုခပ်လေးလေးခါပြကာ

"ဟင့်အင်း မနေတော့ပါဘူး...။ Your Dream မှာ စာကြည့်တိုက်ဆောက်ရဦးမှာကို..."

သူက လမ်းလျှောက်နေရင်းမှ နားထင်လေးကိုဖိကပ်နမ်း၍

"အသက်ကြီးလာလို့ ကိုယ်တို့သားသမီးတွေ အခြေကျသွားတဲ့အချိန်ကျရင် ဒီမှာပဲလာနေကြတာပေါ့ နော်..."

You are the only Exception!Where stories live. Discover now