Zermatt

နောက်ရက္မှာသွားခဲ့ကြသည်ကတော့ ဆွစ်ဇာလန်နိုင်ငံအရှေ့တောင်ပိုင်းတွင်ရှိသော Zermatt ဟုခေါ်သည့် တောင်ပေါ် မြို့လေးပင်ဖြစ်သည်။ Zermatt သည် နှင်းလျှောစီးခြင်း၊တောင်တက်ခြင်းတို့ဖြင့် ကျော်ကြားသည့် တောင်ပေါ်အပန်းဖြေစခန်းတစ်ခုဖြစ်သည်။မီတာ ၁၆၀၀ ဝန်းကျင်အမြင့်တွင်ရှိသောမြို့သည် နာမည်ကျော် Matterhorn တောင်၏ အောက်ခြေတွင်ရှိသည်။၎င်းတောင်သည် ဂျာမန်နာမည် Matterhorn အနေဖြင့် နိုင်ငံတကာတွင်လူသိများပြီး ပိရမစ်ပုံစံတောင်ချွန်းကြောင့်လည်း ကျော်ကြားလေသည်။ Zermatt ၏အဓိကလမ်းဖြစ်သော Bahnhofstrasse သည် ဈေးဆိုင်များ၊စားသောက်ဆိုင်များနှင့် ပြည့်နှက်နေပြီး လမ်းတစ်လျှောက်ရှိ ထင်းရှူးသားနှင့်ဆောက်လုပ်ထားသောအိမ်လေးများမှာ များသောအားဖြင့် ဟိုတယ်များသာဖြစ်၍ ရင်သပ်ရှုမောဖွယ်ရာလှပသော Ski Resort များကလည်း နေရာအနှံ့တွင် အများအပြားရှိပေသည်။ထို့အပြင် Car free zone ဖြစ်သော ဤတောင်ပေါ် မြို့လေးတွင် လေထုညစ်ညမ်းမှုကိုကာကွယ်သည့်အနေဖြင့် ကားမသုံးကြပေ။လူအများစုက ရထားနှင့်လာကြပြီး ဒီကိုရောက်သည်နှင့် လမ်းလျှောက်ခြင်း၊ e-Bus (သို့) e-Taxi စီးခြင်းဖြင့်သာ လှည့်လည်သွားလာကြလေသည်။ကေဘယ်ကား သို့မဟုတ် ရထားနှင့်တောင်ပေါ်တက်ခြင်း၊နှင်းလျှောစီးခြင်း၊ခြေလျင်တောင်တက်ခြင်းတို့သည် Zermatt သို့ လာရောက်လည်ပတ်သူများအတွက် ပြုလုပ်နိုင်သော Activity များသာဖြစ်လေသည်။သူမတို့ကတော့ Zermatt မှာ ရသလောက်လည်ပတ်ခဲ့ကြရင်း အမြော်အမြင်ရှိသည့်သူ့ကျေးဇူးနှင့် အင်မတန်ရှုခင်းလှသည့် တောင်ပေါ်စားသောက်ဆိုင်လေးတွင် မမေ့နိုင်ဖွယ်ရာ နေ့လယ်စာစားခဲ့ရသည်ကြောင့် အစားအသောက္မက္သော သူမအဖို့ကတော့ ကျေနပ်၍မဆုံးနိုင်ခဲ့ပေ။တစ်မြို့လုံးမှာ Ski Resort တွေနှင့် ဘယ်ကိုပဲကြည့်ကြည့် လှနေသည့် Zermatt တွင် သူ့လက်ကိုတွဲကာ ပျော်ရွှင်နေခဲ့သောသူမက မသွားခင် Trip Advisor တွေမှာရှာထားသည့်ကော်ဖီဆိုင်လေး၌ အတူတူထိုင်သောက်ဖို့ကိုလည်း မမေ့မလျော့ အကောင်အထည်ဖော်ခဲ့သေးလေသည်။

Jungfraujoch-Top of Europe

Top of Europe (Jungfraujoch) သည် ဆွစ်ဇာလန်ကိုသွားလျှင် မဖြစ်မနေသွားသင့်သော နေရာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ Top of Europe ဟုဆိုသည့်အတိုင်း ဥရောပ၌ အမြင့်ဆုံးရထားဘူတာ တည်ရှိရာဖြစ်သော Jungfraujoch သည် Bernese Alps ရှိ အမြင့် ၃၄၅၄ မီတာတွင် တောင်ပေါ်ခရီးစဉ်တစ်ခုလုံးကို ကြည့်ရှုနိုင်သော နေရာတစ်ခုဖြစ်သည်။၎င်းသည် Swiss Alps Jungfrau-Aletsch ဟုခေါ်သည့် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာတစ်စိတ်တစ်ပိုင်းဖြစ်သော "Jungfrau - Aletsch - Bietschhorn" ၏အလယ်ဗဟို၌ရှိပြီး Mönch နှင့် Jungfrau တောင်ကြားတွင်တည်ရှိသည်။ထိုကဲ့သို့ ရထားနှင့်သွားရာလမ်းတစ်လျှောက်ရှိ Jungfraujoch မှရှုခင်းများသည် အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ရင်သပ်ရှုမောဖွယ်ရာ လှပလွန်း‌လှသည်။ Jungfraujoch မှာတော့ Grosser Aletsch ရေခဲမြစ်နှင့် အနီးပတ်၀န်းကျင်မှာရှိသည့်တောင်တန်းများကို ကြည့်ရှုခံစားနိုင်ပြီး နှင်းလျှောစီးခြင်းအပြင် Lindt Swiss Chocolate Heaven ၌ ချောကလက်၏သမိုင်းကြောင်းများနှင့် ပြုလုပ်ပုံကိုလေ့လာနိုင်ကာ ထိုနေရာကနေပင် ချောကလက္များကို ၀ယ်ယူခဲ့နိုင်လေသည်။

You are the only Exception!Where stories live. Discover now