နောက်တစ်ရက္မှာတော့ Zurich ၏ အချက်အချာအကျဆုံးနှင့် ခရီးသွားများ၊ဒေသခံများ၏ နောက်ထပ်အကြိုက်အတွေ့ဆုံးနေရာတစ်ခုဖြစ်သည့် နာမည်ကျော် Zurich Lake ဆီသို့ အရင်သွားခဲ့ကြလေသည်။ကမ်းခြေတစ်ခုလုံးတွင် ဒေသခံများ၏ နေစာလှုံရန်၊ပြေးရန်၊လမ်းလျှောက်ရန်အတွက် ပြုလုပ်ထားသောစင်္ကြန်များ၊ပျော်ပွဲစားထွက်ရန်အတွက် စီစဉ်ထားသောနေရာများကို တစ်လျှောက်လုံးတွေ့နိုင်လေသည်။ခရီးသွားများအတွက်တော့ ရေကန်နှင့် မြို့တော်၏လှပသောရှုခင်းများကို ကြည့်ရှုခံစားနိုင်သည့် အကောင်းဆုံးနည်းလမ်းမှာ ကန်အတွင်း၌ အများအပြားရှိနေသည့် အပျော်စီးသင်္ဘောများပင်ဖြစ်‌ေပသည်။

ထို့နောက်တွင်မူ Limmat မြစ်ကမ်းဘေးမှာရှိသည့် ဆွစ်ဇာလန်နိုင်ငံ၏ ရှေးဟောင်းဘုရားကျောင်းများထဲမှ တစ်ခုအပါအဝင်ဖြစ်သော ရောမစတိုင်ခရစ်ယာန်ဘုရားကျောင်း Grossmünster (Great Minster) နှင့် အခြားထင်ရှားသည့်ဘုရားကျောင်းများဖြစ်သော St. Peter's Church ၊ Fraumünster အစရှိသည့် သမိုင်းဝင် Church ကျောင်းများရှိရာသို့ ဆက်၍ခြေဆန့်ခဲ့ကြသည်။ထိုသို့ဖြင့် Zurich မြို့ဟောင်း၏နယ်နိမိတ်ထဲတွင် အကုန်နှံ့စပ်အောင် လည်ပတ်ပြီးသည့်အခါမှာတော့ ညစာစားရန်အတွက်ကို သူက ဆိုင်တစ်ဆိုင်သို့ ခေါ်သွားလေသည်။ထိုအခါ သူမက တမူထူးခြားနေသော ဆိုင်၏အပြင်အဆင်ကိုအကဲခတ်ရင်း သူ့ကိုတစ်ချက်ကြည့်လိုက်လျှင်

"ဒီဆိုင်က ဒီမှာဆို ရှေးအကျဆုံးစားသောက်ဆိုင်တွေထဲကတစ်ဆိုင်လေ...။အခုဖွင့်ထားတဲ့ အဆောက်အဦးကလည်း ၁၃၀၀ခုနှစ်အလယ်လောက်ကတည်းကရှိခဲ့တာ...။ဒီ Old town မှာ အဲ့တုန်းက ပထမဆုံးဖွင့်တဲ့ Bakery ဆိုင်လေးပေါ့.."

သူပြောတာနားထောင်ပြီး သူမက သဘောကျစွာနှင့်ပင် ဆိုင်ကိုလှည့်ပတ်ကြည့်ကာ ကျေနပ်နေမိရင်းမှ ညစာစားကြသည့်အခါတွင်လည်း သူမှာပေးသောအစားအသောက္များက အထာသိစွာ မှာပေးထားခြင်းဖြစ်သောကြောင့် သူမအတွက် စားရသည်မှာ အခက်အခဲမရှိဘဲ အဆင်ပြေပြေဖြင့်သာ စားနိုင်ခဲ့လေသည်။ထို့နောက် နှစ်ယောက်သား ဟိုတယ်ပြန်ရောက်ကြချိန်တွင် သူကတော့ သူမကို တစ်နေကုန်သွားလာထား၍ ပင်ပန်းနေမှာစိုးသော်လည်း သူမကတော့ ထုံးစံအတိုင်း လည်နေပတ်နေရလျှင် ပင်ပန်းရကောင်းမှန်းမသိစွာဖြင့် ဖြုံတောင်မဖြုံချေ။ထို့အပြင် မပင်ပန်းရုံသာမက တော်တော်နှင့်မအိပ်နိုင်ဘဲ တစ်နေကုန်လည်ပတ်ထားစဉ်က ရိုက်ထားသည့်ပုံတွေကို မပြီးနိုင်မစီးနိုင်ကြည့်နေသောကြောင့် သူက အတင်းပွေ့ချီပြီး ဇွတ်အိပ်ခိုင်းမှသာလျှင် အိပ်ရာထဲသို့ရောက်ရလေတော့သည်။

You are the only Exception!Where stories live. Discover now