မြို့တော်၏နေရာအနှံ့သည် ခမ်းနားလှသော Museum များ၊ Church ကျောင်းများနှင့် နေရာအတော်များများယူထားပြီး Zurich Lake နှင့်အတူ အခြားသောအပန်းဖြေစရာနေရာများသည်လည်း အနှံ့အပြားရှိပေရာ သူမတို့က အချိန်လောက်စေရန်အလို့ငှာ နံနက်အစောပိုင်းကတည်းကပင် ဟိုတယ်ကနေထွက်ခဲ့လိုက်ကြသည်။ဆွစ်ဇာလန်နိုင်ငံ၏ အဓိက transport သည် တစ်မြို့နှင့်တစ်မြို့ကိုကူးလူးသွားလာရန်အတွက် ရထားကိုသာအသုံးများကြသည်ဖြစ်ပြီး Zurich မှာတော့ လျှပ်စစ်ကား၊ဘတ်စ်ကားနှင့် ရထားလမ်းတွေအပြင် အခြားမြို့များသို့ ရေကြောင်းကနေသွားလာနိုင်စေရန် ဇူးရစ်ကန်ကြီးထဲ၌ လှေ၊သင်္ဘောငယ်ပေါင်းများစွာပါ ရှိနေသေးသည်။ထို့ကြောင့် Switzerland မှာ လည်ပတ်သွားလာနေစဉ်ကာလအတွင်း နေရာတကာကို ရထားနှင့်သာ မရိုးအီစတမ်းသွားကြရပေရာ ပုဂံသွားတိုင်း စီးဖြစ်သည်ကလွဲလျှင် ရထားကိုသိပ်မစီးဖြစ်သောသူမအတွက်တော့ ဤ Dreamland ၌ သူ့လက်ကိုတွဲကာ ရထားစီးပြီးသွားလာနေရခြင်းသည် ထပ်တိုးလာရသော စွဲလမ်းနှစ်ခြိုက်ရသည့် အခိုက်အတန့်များထဲမှ နောက်ထပ်တစ်ခုသာပင် ဖြစ်လာရလေသည်။

သူက ပထမရက်အား ဆွစ်တောင်တန်းတစ်ခုဖြစ်သည့် Uetliberg နှင့် မြို့တော်အတွင်းမှာရှိသည့် Museum တွေကို နှံ့အောင်လည်ဖို့ဆုံးဖြတ်ထားသည်ကြောင့် အချိန်ကိုအပိုအလိုမရှိတွက်ချက်ကာ တစ်နေရာပြီးတစ်နေရာသို့ နှံ့စပ်အောင်လိုက်ပို့ရသည်။ Zurich မြို့၏အနောက်တောင်ဘက်တွင်ရှိသော Uetliberg သည် Albis တောင်ကြောရှိ အရှေ့မြောက်ဘက်အကျဆုံးအပိုင်းဖြစ်ပြီး Selnau ဘူတာကနေ အထက်ဘူတာအထိကို တစ်နှစ်ပတ်လုံးပြေးဆွဲနိုင်သော တောင်ပေါ်ရထားလမ်းဖြစ်လေသည်။ The top of Zurich ဆိုသည့်အတိုင်းပင် Zurich Lake နှင့် တစ်မြို့လုံး၏မြင်ကွင်းကို ကောင်းကောင်းကြည့်ရှုခံစားနိုင်သောကြောင့် ခရီးသွားဧည့်သည်များသာမက ဒေသခံများ၏ ပိတ်ရက္များမှာပါလာရောက်လေ့ရှိကြသည့် အကြိုက်အတွေ့ဆုံးနေရာလည်းဖြစ်လေသည်။

ပြီးလျှင် နာမည်ကျော် Museum များဖြစ်သည့် ဆွစ်အမျိုးသားပြတိုက်-Schweizerisches Landesmuseum (Swiss National Museum) ၊ဥရောပ၏ထိပ်တန်းအနုပညာပြတိုက္များထဲမှတစ်ခုဖြစ်သော Kunsthaus Zürich (Museum of Fine Arts)၊ Rietberg Museum နှင့် Bellerive Museum တို့အား လိုက်ပို့ရသည်။ Museum တွေဖြစ်သောကြောင့် ပျင်းမှာစိုးနေရသော်လည်း နာမည်ကျော်ပန်းချီဆရာများ၏ အထင်ကရလက်ရာများ၊ဥရောပ၏ အရေးပါသော အမွေအနှစ်စုဆောင်းထားမှုများအကြောင်းကို စိတ်ဝင်တစားရှိလှသော သူမကိုကြည့်ပြီး လိုက်ပို့ရကျိုးနပ်လှသောသူ့မှာ ကျေနပ်မိနေရသေးပေသည်။

You are the only Exception!Where stories live. Discover now