သူက စောစောစီးစီးဒေါသတွေထွက်နေသောမျက်နှာလေးအား အသည်းယားစွာပင် ကြည့်နေမိရင်းမှ

"သဲကိုယ်တိုင်လုပ်စရာမလိုပါဘူး...။အဲ့လိုညစ်ပတ်တဲ့ဟာတွေကို သဲလက်နဲ့ ထိစရာမလိုဘူး..."

"ကိုလဲ မထိရပါဘူး...။တခြား ဝိနည်းလွတ်တဲ့နည်းလမ်းနဲ့ ဘယ်လိုတံု့ပြန်ရမလဲပဲ စဉ်းစားမယ်...။တကယ်ပါပဲ..အဲ့မိန်းမကို ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူး...။ဘာလို့ အဲ့လောက်အထိန်းအကွပ်မဲ့နေရတာလဲ...၊စိတ်ပျက်စရာကောင်းတယ်..."

"စောစောစီးစီး အဲ့လိုအကြောင်းတွေ ခေါင်းရှုပ်ခံပြီး မစဉ်းစားနဲ့တော့..။ကိုယ်ကြည့်လုပ်မယ်နော်...၊ခေါင်းထဲကနေထုတ်ထားလိုက်တော့.."

သို့နှင့်ပင် သူမက ထပ်ပြီးမပြောတော့ဘဲ သူ့မျက်နှာကိုသာ လက်‌ေလးနှစ်ဖက်နှင့် အသာအယာထိကိုင်ကာ သေချာကြည့်လိုက်ရင်း

"ခေါင်းက အခုထိမူးနေသေးလား..."

သူက သူမ၏လက်လေးတွေကို အပေါ်ကနေထပ်ကိုင်လိုက်ရင်းမှ မျက်ဝန်းတွေထဲအထိ တည့်တည့်စိုက်ကြည့်ကာ

"နည်းနည်းပဲမူးတော့တာ..."

ပြောပြီးလျှင် သူ့ဘက်သို့ ပိုမိုနီးကပ်သွားအောင် သူမ၏ပခုံးလေးအား ဆွဲယူထွေးပွေ့ထားရင်း

"ကိုယ့်ကို အနမ်းပေးပါဦး...၊သက်သာသွားအောင်လို့"

ထိုအခါ သူ့စကားဆုံးသည်နှင့် ချစ်စဖွယ်ပြုံးသွားရသောမျက်နှာလေးက ချက်ချင်းပင် သူ့ဆီတိုးကပ်လာကာ တောင်းဆိုသည့်အတိုင်း လိုက်လျောပေးလာသည်။သူ့ကို အမြန်သက်သာသွားစေရန် ကုစားပေးမည်ဆိုသောပုံစံလေးနှင့် ကြင်နာယုယမှုအပြည့် ထိတွေ့နမ်းရှိုက်နေသည်ကြောင့် သူက ကြည်နူးစွာဖြင့် ခံယူနေလျက်ကပင် သူမ၏အနမ်းတွေကို တရှိုက္မက္မက္ ပြန်လည်တုံ့ပြန်မိလေသည်။ထို့နောက် အတန်ကြာမှလွှတ်လိုက်ပြီးလျှင် သူမက သူ့မျက်နှာကို ခပ်ဖွဖွထိကိုင်နေရင်းမှ နဖူးကိုအသာစမ်းကြည့်၍

"ဒီနေ့ အရေးတကြီးလုပ်စရာမရှိရင် ရုံးနားလိုက်ပါလားဟင်..။ခေါင်းတွေမကြည်နေတာကို နားနားနေနေပဲနေစေချင်တယ်.."

You are the only Exception!Where stories live. Discover now