တောင်ပေါ် မြို့နံနက်ခင်း၏ အနည်းငယ်အေးနေသော ရာသီဥတုကိုခုခံကာ နွေးထွေးစေရန်အတွက် သူက သူမ၏လက်လေးတွေကို ဆွဲယူထွေးပိုက်ထားလိုက်ရင်း
"မနက်စာ ဘာစားဖို့စိတ်ကူးထားလဲ..."
ထိုအခါ စိတ်ချမ်းသာ၍ ကြည်လင်ဝင်းပနေသောမျက်နှာလေးသည် သူ့ဘက်ကို သွက်လက်တက်ကြွစွာဖြင့် လှည့်ကြည့်လာကာ သူ့ပခုံးအား နှုတ်ခမ်းလေးနှင့်ဖိကပ်ထားရင်းမှ ပြန်ပြောလာသည်။
"ထူးထူးဆန်းဆန်း တိုဟူးနွေးစားချင်နေတယ်...။ဒီရောက်ကတည်းက ရှမ်းပြည်မှာနေနေရတော့ ရှမ်းစာတွေကို အလိုလိုနေရင်း မစားချင်ဖြစ်နေမိတာ...၊အမြဲတမ်း မန်းလေးကအစားအစာတွေပဲ တောင့်တနေမိတာလေ...။အဲ့ဒါကို ဒီနေ့ကျမှပဲ စျေးထဲကတိုဟူးနွေးလေး စားချင်နေတယ်...။ပြီးတော့ သိလား ကို..၊ဒီလိုထွက်လာရတာလေ...ကလောကို ကိုနဲ့ ခရီးထွက်လာရသလိုပုံစံမျိုး ခံစားနေရတယ် ဟင်းဟင်း..."
ထိုသို့ဖြင့် ကျေနပ်နေသောမျက်နှာလေးက သူ့ကိုမှီကပ်ကာ ချစ်စဖွယ်ပြောနေလျှင် သူ့နှုတ်ခမ်းတွေက အလိုလိုပင် အပေါ်တက်သွားကာ ပြုံးမိသွားရရင်း
"ဒီလိုလမ်းလျှောက်ထွက်ရတာကို ကြိုက်တယ်မို့လား...။နောက်လဲ အမြဲတမ်းထွက်ကြမယ်လေနော်...။မနက်ပိုင်းကို Gym လဲဆော့..၊ဒီလိုမျိုး အပြင်မှာ လမ်းလဲလျှောက်..၊အပြန် သဲကြိုက်တာလေးတွေ ဝယ်စား...၊နေ့တိုင်းလုပ်လို့ရတယ်...။ဒီလိုကြိုက်တတ်မှန်းသာသိရင် အရင်တုန်းကတည်းက နေ့တိုင်း လမ်းထွက်လျှောက်ပါတယ်..."
သူမက သူ့လက္မောင်းကိုမှီကာ ဖက်တွယ်ထားရင်းမှ မြူမှုန်ခပ်ပါးပါးအောက္မှာ ကြည့်ကောင်းနေသောမျက်နှာအား တမေ့တမောလေးမော့ကြည့်မိရင်းပင် ပြန်ပြောလိုက်သည်။
"ခုကစပြီးတော့ နေ့တိုင်း လမ်းလျှောက်ထွက်ကြမယ်လေ...။မနက်ပိုင်းကို ခါတိုင်းလို ပျင်းမနေတော့ဘူး...။ဒီလိုမျိုးလေး လမ်းထွက်လျှောက် အားကစားလုပ်..။တစ်ခါတလေ ဟိုတယ်မှာ Gym ပြန်ဆော့..၊အဲ့လိုပဲလုပ်တော့မယ်...။စိတ်လဲချမ်းသာတယ်...။လူလဲတက်ကြွတယ်...။အလုပ်အတွက် အတွေးသစ် အမြင်သစ်တွေလဲ ပေါ်တယ်..."
VOCÊ ESTÁ LENDO
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
🌲 Warm 🌲
Começar do início
