သူမကတော့ နှုတ်ခမ်းလေးတွေကော့တက်နေအောင် ပြုံးနေရာမှ သူ့ကိုပို၍တိုးဖက်ကာ
"အခု ကို့ရှေ့မှာ ကို့ကို ဒီလိုဖက်တွယ်ထားတာပဲ မဟုတ်ဘူးလား...။အဟင်း..အရမ်းပျော်တာပဲ...။တကယ်ကို..ပြောပြလို့တောင်မရဘူး..."
စိတ်လှုပ်ရှားမှုကြောင့် အကြောစိမ်းလေးတွေတောင်ပေါ်နေသော နီရဲရဲမျက်နှာလေးကို သူက နက်နက်နဲနဲကြည့်နေမိရင်း အခုထက်ထိ အရှိန်အဟုန်မပြတ်တမ်း ခုန်လှုပ်နေသောစိတ်ဖြင့် ကျေနပ်ရစွာပင် ပြန်ပြောမိသည်။
"ကိုယ်က ပိုပျော်တာပေါ့ သဲရယ်...။အမြဲတမ်း စောစောမတွေ့ခဲ့ရဘူးပဲပြောနေမိတာ...၊ခုတော့ ကိုယ့်လက်ကိုလာတွဲတဲ့ ပထမဆုံးမိန်းကလေးက ကိုယ့်မိန်းမဖြစ်နေတာပဲ...။တကယ်တော့ ဒီအချိန်မှာ သဲက ကိုယ့်မိန်းမဖြစ်လာမယ်ဆိုတာကို အဲ့ဒီကတည်းက သတ်မှတ်ထားပြီးသားနေမှာ သိလား..."
"အွန်း ဟုတ်တယ် သတ်မှတ်ထားပြီးသား..."
ပြောပြီးလျှင် ရင်ထဲက ဘောင်ဘင်ခတ်နေသောအပျော်တွေကို မထိန်းနိုင်တော့သည့်သူမက မနေနိုင်စွာဖြင့် သူ့နှုတ်ခမ်းပါးတွေကို ဖိကပ်နမ်းရှိုက္မိလိုက်သည်။သို့နှင့် ရုတ်တရက်နမ်းလာသောနှုတ်ခမ်းလေးတွေကို သူက သေချာဖမ်းယူကာ စည်းချက်ကျကျဖြစ်အောင် ပြန်လည်ဦးဆောင်လိုက်လျှင် နှစ်ယောက်လုံးက စိတ်လှုပ်ရှားနေသောအခံကြောင့် ပုံမှန်ထက်ပိုကာ ပြင်းပြလာသောခံစားချက်တွေကို မထိန်းချုပ်နိုင်ကြတော့။ထိုသို့ဖြင့် နမ်းရှိုက်နေရင်း စိတ်ကိုလွှတ်လိုက္မိသည်နှင့် သူက တစ်ပြိုင်နက်တည်းမှာပင် သူမကိုပွေ့ချီကာ ကုတင်ပေါ်သို့လှဲချပြီးသွားလေပြီ။ပြင်းထန်လှိုက်လှဲနေသော အပြန်အလှန်အနမ်းများကြောင့် တခြားဘယ်အရာကိုမှ အာရုံမရတော့သည့်သူမကတော့ ကုတင်ပေါ်ရောက်သည်အထိပင် အာရုံတစ်ခုလုံးက သူ့နှုတ်ခမ်းတွေဆီမှာသာ အသိလွတ်စွာရှိနေခဲ့သည်။ထို့နောက် သူမဆီမှ လိုလားမှုအပြည့်နှင့် တံု့ပြန်လာသောအထိအတွေ့လေးတွေကို လက်ခံဖလှယ်နေမိသောသူ့ခန္ဓာကိုယ်ဟာလည်း အလိုလိုတံု့ပြန်လာရပြီဖြစ်လျှင် သူ့လက်တွေက အလျင်လိုစွာဖြင့် သူမ ဝတ်ထားသောဂါဝန်ကိုပင့်တင်ကာ ဆွဲချွတ်မည်လုပ်လိုက္မှပင် လက်ရှိအနေအထားကိုအသိဝင်သောသူမသည်
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
💓The Day We First Met💓
Start from the beginning
