💓The Day We First Met💓

Comenzar desde el principio
                                        

"ကို့ကို ဒီကျောက်ခဲပေးတဲ့ လူကွဲနေတယ်ဆိုတဲ့ အင်္ကျီအနီရောင်နဲ့ကလေးက သဲပဲ ကိုရဲ့..၊သိရဲ့လား..."

အံ့ဩမှုကြောင့် ချက်ချင်းလက်ငင်း ဘာမှပြန်မပြောနိုင်သေးသောသူသည် သူမ၏စကားအဆုံးမှာ လွတ်ထွက်သွားသောစိတ်ကို အမြန်ပြန်ဖမ်းရသည်။ပြီးလျှင် သူ့ရှေ့က အံ့ဩဝမ်းသာစွာဖြင့် မျက်ရည်တွေဝဲနေသောမျက်နှာလေးအားကြည့်ကာ အားရပါးရပြုံးမိသွားရသည်။ထို့နောက် ချက်ချင်းပင် ရင်ခွင်ထဲဆွဲသွင်း၍ တင်းကျပ်စွာဖက်ထားမိသောအားက အစောတုန်းက သူမ ဖက်လိုက်သည်နှင့်ယှဉ်လျှင် အဆပေါင်းများစွာပိုလေသည်။သို့နှင့်ပင် ကိုယ်စီတဒိတ်ဒိတ်ခုန်နေသောရင်အစုံဖြင့် တစ်ယောက်နှင့်တစ်ယောက် နစ်ဝင်မတတ်ဖက်တွယ်ထားရင်း အချိန်အတန်ကြာသည်အထိ ပြန်မလွှတ်မိကြပေ။

ထိုကဲ့သို့ နှစ်ဦးသား ထွေးဖက်ထားသည့်အချိန်လေးအတွင်းမှာတော့ သူမအသက်ငါးနှစ်အရွယ်နှင့် သူဆယ်နှစ်အရွယ်မှာ ဆုံခဲ့ရသောတွေ့ဆုံမှုကို ပြန်လည်မြင်ယောင်ကာ မှန်းဆပုံဖော်မိကြလေသည်။ထိုအခါ ကိုယ်စီရင်ထဲတွင် ဖြစ်တည်ပေါက်ဖွားလာနေသောစိတ်ခံစားမှုတွေက ဘယ်ပုံဘယ်ရွေ့ဆိုသည်ကို ဖော်ပြ၍မရနိုင်တော့အောင် အမျိုးစုံနေသော်လည်း သေချာသည်ကတော့ တစ်ယောက်နှင့်တစ်ယောက် နစ်ဝင်သထက်နစ်ဝင်သွားကာ ပိုမိုလှိုက်လှဲခင်တွယ်စွာဖြင့် ချစ်သထက်ချစ်မိကြရခြင်းပင်။သူတို့ကို ထပ်မံချည်နှောင်လိုက်သော ကံကြမ္မာနှောင်ကြိုးသည် သူတို့ကြားထဲမှာ သူတို့ကိုယ်တိုင်ပင် လိုက္မမီနိုင်ရအောင် တစ်ရစ်ချင်းစီနှောင်ဖွဲ့နေသည့် သံယောဇဉ်ရစ်ထုံးတို့ကို ခိုင်မြဲသထက်ခိုင်မြဲလာစေသည်။သို့နှင့်ပင် အရာရာကို ကျေးဇူးတင်မိသောစိတ်တွေက အလိုလိုပင်ပေါ်ပေါက်လာရကာ ခံစားချက္များအလိုက်ခုန်လှုပ်နေသော နှလုံးခုန်သံတိုင်း၏စည်းချက္များသည် ချစ်ခြင်းမေတ္တာအပြည့်နှင့်သာ ဖြစ်တည်ပေါက်ဖွားနေပေသည်။

အတန်ကြာမှ သူက ဖက်ထားသည်ကိုလွှတ်လိုက်ရင်း သူမ၏မျက်နှာလေးအား သေချာစိုက်ကြည့်၍

"အဲ့တုန်းကတည်းကတွေ့ခဲ့ရပြီးတော့ ကိုယ့်လက်ကိုတောင် လာတွဲထားတဲ့ကလေးကို ကိုယ်က ဘာလို့လက်လွှတ်ပေးလိုက္မိတာလဲမသိဘူး...။တစ်ခါတည်း ဖမ်းဆုပ်ထားလိုက်ရမှာ..."

You are the only Exception!Donde viven las historias. Descúbrelo ahora