သူကသာ ခပ်ပြုံးပြုံးပြောနေသော်လည်း သူမမှာတော့ ရင်တွေတဒိတ်ဒိတ်ခုန်ကာ လူက ဆတ်ခနဲတောင်တုန်သွားရရင်း သူ့ကို မျက်ရည်ဝဲနေသောမျက်ဝန်းများနှင့် ချက်ချင်းပင် မော့ကြည့်လိုက္မိသည်။ပြီးလျှင် လက်ထဲကကျောက်ခဲလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်းမှ စိတ်လှုပ်ရှားနေသည်ကြောင့် တုန်ယင်နေသောအသံတို့ကို မထိန်းနိုင်စွာနှင့် ထပ်မေးမိလေသည်။
"ကို အဲ့ကလေးဝတ်ထားတဲ့ အင်္ကျီအရောင်တွေဘာတွေမှတ်မိလား ပုံစံကိုရောမှတ်မိလား..."
"ဟင့်အင်း..ပုံစံတော့ သေချာဘယ်မှတ်မိမလဲ သဲရယ် ကြာလှနေပြီကို...။အင်္ကျီကတော့ အနီရောင်လေးဝတ်ထားတယ် ထင်တာပဲ..."
ထိုအခါ သူ့စကားအဆုံးမှာပင် သူမက ဝုန်းခနဲထကာ သူ့လည်တိုင်ကိုသိုင်းဖက်လိုက်ရင်း တင်းကျပ်နေအောင် ဖက်တွယ်ထားမိသည်။သို့နှင့်ပင် ရုတ်တရက္မို့ လန့်သွားရသောသူက တအားသိုင်းဖက်ထားသောကိုယ်လုံးလေးကို အလန့်တကြားထွေးပွေ့ထားရင်း
"သဲလေး..ဘာဖြစ်လို့လဲ စိတ်ဆိုးသွားတာလား...။ဘာလို့လဲ..ကိုယ်က ဒါကိုသိမ်းထားမိလို့လား ဟုတ်လား ဟွန်.."
သူမက အလွန်အမင်းလှုပ်ရှားသွားသည့်စိတ်ကြောင့် ချက်ချင်းပြန်မပြောနိုင်သေးလျှင် လန့်သွားရသောသူကတော့ အတင်းဖက်ထားသည့်သူမအားဆွဲခွာကာ ပါးလေးကိုဖွဖွပွတ်သပ်ရင်း ကပျာကယာမေးရသည်။
"ဘာလို့လဲ...သဲရဲ့။စိတ်ဆိုးသွားတာလား ဟုတ်လား..."
ထိုအခါကျမှပင် သူမက အတတ်နိုင်ဆုံးစိတ်ကိုထိန်းကာ သူ့မျက်ဝန်းတွေကိုတည့်တည့်စိုက်ကြည့်လိုက်ရင်း အရှိန်အဟုန်နှင့်လှိုက်တက်လာနေသော ရင်ခုန်ကြည်နူးမှုများဖြင့် စိတ်လှုပ်ရှားတုန်ယင်စွာ ပြန်ပြောမိသည်။
"အဲ့တုန်းကလေ..ကိုက ဂျင်းဘောင်းဘီအတိုနဲ့ တီရှပ်အနက်ရောင် ဝတ်ထားတာမို့လား...။ပြီးတော့ မှာလိုက်သေးတယ်လေ..နောက်ဆို ဒီလိုကျန်မနေခဲ့အောင် ဘယ်သွားသွား အစ်ကိုတွေရဲ့အရှေ့မှာပဲနေရမယ်ဆိုပြီးတော့လေ..."
သူက မျက်လုံးတွေပြူးသွားရရင်းမှ ခဏကြောင်သွားကာ ဘာပြောရမှန်းမသိဖြစ်နေစဉ် သူမက ဆက်ပြောလာသည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
💓The Day We First Met💓
Start from the beginning
