ထို့ကြောင့် အသက်ကိုရှိုက်ပြီးရှုနေသော သူမလေးအားကြည့်ကာ သူက ခေါင်းလေးကိုပွတ်သပ်ပေးရင်း
"လန့်သွားလား..."
ထိုအခါ သူမက မျက်စောင်းထိုးလိုက်ပြီးမှ သူ့ရင်ဘတ်ကို အားမပါစွာဖြင့် တစ်ချက်ထု၍
"လန့်တာပေါ့ သီးသွားရင်ဘယ်လိုလုပ်မလဲ...။ဇွတ်တွေတအားလုပ်တာပဲ ဘာမှန်းလဲမသိဘူး..."
"မသီးအောင် ကိုယ်ထိန်းနိုင်တယ်လေ...။ဒါနဲ့ လိမ္မော်ရည်က တော်တော်အရသာရှိတယ်နော်...။နောက်ထပ်လဲ ဒီတံဆိပ်ပဲဝယ်တော့မယ်...၊ကိုယ်ကြိုက်လို့..."
"ကြိုက်လဲ ကိုယ့်ဘာသာပဲသောက်..၊နောက်ထပ်လာမလုပ်နဲ့။တကယ်ပဲ..မထိတ်သာမလန့်သာတွေ..."
"အဟွန်း နောက်တစ်ခါကျရင် ကြိုပြောပြီးမှလုပ်မယ်နော်...။လာ..အခုတော့ အိပ်ခန်းထဲသွားကြစို့။သဲကို ကိုယ်အခေါ်ချင်ဆုံးနေရာထဲမှာ ဒီက ကိုယ့်အိပ်ခန်းလဲပါတယ်...။တစ်သက်လုံးက တစ်ယောက်တည်းအိပ်လာရာကနေ အခု အတူတူအိပ်မဲ့သူပေါ်လာပြီလေ...။ကုတင်ပေါ်မှာကျန်နေသေးတဲ့ ကိုယ့်ရဲ့လူပျိုဘဝအငွေ့အသက်တွေကို ဒီညမှာပဲအဆုံးသတ်ပစ်ရမယ်..."
သူ့အပြောကို သူမက နှုတ်ခမ်းစူကာ ယက်ကန်ယက်ကန်နှင့်ပါသွားရင်းမှ သူ့အခန်းထဲသို့ရောက်လျှင် ထုံးစံအတိုင်း စပ်စုမိပြန်သည်။ထိုကဲ့သို့ သူ့လက်ထဲကနေရုန်းထွက်ပြီး တက်ကြွစွာဖြင့် အကုန်လိုက်ကြည့်နေသောသူမကို သူက အသာပြုံးကာ ကြည့်နေမိစဉ်
"ကို ဒါလေးက ဘာလေးလဲ..၊ကျောက်ခဲလား..."
Desktop စားပွဲကအံဆွဲကိုဖွင့်ကာ ဟိုဒီကြည့်နေရင်းမှ ပြောလာသောသူမကြောင့် သူက အနားသို့လျှောက်သွားလိုက်သည်။အစီအရီသပ်ရပ်စွာထည့်ထားသောပစ္စည်းတွေနှင့်အတူ အံဆွဲ၏ဖွင့်ဖွင့်ချင်းထောင့်နားလေးမှာရှိနေသည့် ကျောက်ခဲလေးအား သူမက ယူကြည့်လိုက်လျှင် သူမ၏လက်ထဲမှကျောက်ခဲလေးကိုကြည့်ကာ ပြုံးနေသောသူ့မျက်နှာက ပိုပြုံးသွားရရင်း
"အဟွန်း..အဲ့ဒါ ကောင်မလေးတစ်ယောက်က ပေးထားတာလေ...။ကံကောင်းစေတဲ့အဆောင်ဆိုပြီးတော့ ပေးသွားတာ...။တကယ်လဲ ကံကောင်းသလိုခံစားရလို့ ခုထိသိမ်းထားမိနေတာ..."
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
💓The Day We First Met💓
Start from the beginning
