💓The Day We First Met💓

Start from the beginning
                                        

"သားသမီးတွေရလာလဲ ကိုယ်ပဲချက်ကျွေးမယ်...။သဲ ဘာမှစိတ်မပူနဲ့"

"ဟွန်..တော်ပါပြီ...။အလုပ်ကလုပ်ရသေး မိန်းမနဲ့သားသမီးတွေကိုလဲ ချက်ပြုတ်ကျွေးရသေးဆိုတာမျိုး မလုပ်ခိုင်းပါဘူး...။ဒီအတိုင်းတောင် အလုပ်ရှုပ်နေတဲ့လူကို..."

"အလုပ်က ရှုပ်ချင်တဲ့အချိန်မှ တအားရှုပ်သွားတာပါ သဲရယ်...၊မဟုတ်ရင် ကိုယ်က သဲထက်တောင်အားနေသေးတယ်..."

"အားလဲ မလုပ်ရပါဘူး...၊ကိုယ့်အလုပ်ကိုယ်လုပ်"

"အဟွန်း..ပြောပါဦး...၊ကိုယ့်ကို အရမ်းချစ်တာပဲလား..."

"သိရဲ့သားနဲ့ကို ထပ်မေးနေသေးတယ်..."

"ကြားချင်လို့လေ...၊ထပ်ပြောပါဦး...။ဒီအိမ်က ခုထိ ကိုယ့်ရဲ့လူပျိုအခန်းပဲဖြစ်နေသေးတယ်...။သဲရောက်လာပြီဆိုတာ အသိပေးတဲ့အနေနဲ့ ချစ်တဲ့အကြောင်းတွေပြောပြီးတော့ စဖွင့်ပေးရမယ်လေ..."

ထိုအခါ သူမက ရယ်ချင်သွားရရင်းမှ သူ့ဘက်ကိုလှည့်ကာ ပြုံးစိစိနှင့်ပြောမိသည်။

"အရမ်းချစ်တယ်..."

သို့နှင့်ပင် သူက အူယားစရာမျက်နှာလေးကိုကြည့်ကာ လက်ထဲကလိမ္မော်ရည်ခွက်ကို မေးဆတ်ပြလိုက်ရင်း

"လိမ္မော်ရည်လေးသောက်ပါဦး...။လမ်းတွေလျှောက်ထားတော့ ပင်ပန်းနေမှာစိုးလို့ လန်းသွားအောင်တိုက်တာ..."

"အွန်း..."

သူမက လိမ္မော်ရည်ကို တစ်ဝက်လောက်ထိသောက်ကာ ပါးစပ်ထဲမှာငုံထားစဉ် လက်ထဲကခွက်ကို စားပွဲပေါ်လှမ်းတင်လိုက်သောသူက

"ကိုယ့်ကိုလဲတိုက်ဦး..."

ပြောပြီးသည်နှင့် သူ့လက်တွေက ချက်ချင်းပင် ခါးကိုရောက်လာကာ သိမ်းဖက်လိုက်ရင်းမှ သူမ၏နှုတ်ခမ်းတွေကို ဆွဲငုံလာသည်။တစ်ဆက်တည်းမှာပင် ထိုးခွင်းဝင်ရောက်လာသောသူ့လျှာက ရုတ်တရက်ဆန်လှသောကြောင့် သူမက စေ့ထားသည့်သွားတွေကိုဟလိုက္မိလျှင် ပါးစပ်ထဲမှာရှိနေသေးသောလိမ္မော်ရည်တွေကို သူက အကုန်စုပ်ယူသွားလေသည်။ထိုကဲ့သို့ သေသပ်မြန်ဆန်လွန်းသောအပြုအမူတွေကို တားချိန်မရလိုက်ဘဲ သူမ၏လျှာကိုရစ်ပတ်ကာဆွဲယူရင်း အရသာခံနေသည်ကိုခံစားမိမှသာလျှင် ပျာယာခတ်သွားမိတော့သည်။ထို့ကြောင့် ဆတ်ခနဲဖြစ်ကာ နောက်ကိုဆုတ်ဖို့ဟန်ပြင်လိုက်သည့် သူမ၏ခေါင်းအား လက်တစ်ဖက်နှင့်ချုပ်ကိုင်ထားရင်း သူ့လျှာကတော့ ခံတွင်းထဲမှာ နေရာအနှံ့ရောက်နေအောင် သိမ်းပိုက်အခြေချထားသည်။ထိုသို့ဖြင့် အားရအောင်ကျင်လည်ထိတွေ့နေပြီး ပါးစပ်ထဲကလိမ္မော်ရည်အရသာတွေကုန်ပြီဆိုမှ ပြန်ထုတ်လိုက်ကာ အဆုံးသတ်ကိုမူ နှုတ်ခမ်းတစ်ခုလုံးအား ချိုချဉ်စုပ်သလိုတရွရွနမ်းပြီးမှသာ အပြီးသတ်လိုက်လေသည်။သို့နှင့်ပင် လန့်ဖျပ်ကာ သီးချိန်မရလိုက်ခင်မှာပဲ ပါးစပ်ထဲမှာရှိနေသည့်လိမ္မော်ရည်တွေက ကုန်သွားသည်ဆိုပေမဲ့ သူမကတော့ လှိုက်ဖိုမောကာ ကျန်ရစ်ခဲ့တုန်းပင်။

You are the only Exception!Where stories live. Discover now