💓The Day We First Met💓

Start from the beginning
                                        

မှန်ပြတင်းပေါက်အကျယ်ကနေ အပြင်ဘက်ရှိ လင်းထိန်တောက်ပနေသော အဆောက်အအံုများနှင့် ကားလမ်းတွေကို ငေးကြည့်နေသောသူမလေးအား သူက နောက်ကနေသိုင်းဖက်ကာ ဖန်ခွက်ကိုမျက်နှာရှေ့တိုးပေးလိုက်ရင်း

"ဒါလေးသောက်လိုက်ဦး...။အကုန်နှံ့နေအောင်ပတ်ပြီးတော့ စျေးတွေဝယ်လိုက်ရတာ မောသွားပြီမို့လား..."

သူမက သိုင်းဖက်ထားသောသူ့အား ပြန်ပြီးမှီထားလိုက်ရင်းမှ လက်ထဲကခွက်ကိုယူလိုက်ကာ

"ကိုလဲအတူတူလိုက်နေရတာပဲကို မောရင်တောင် နှစ်ယောက်လုံးအတူတူပဲဖြစ်မှာပေါ့...။တကယ်ဆို အဲ့လိုတွေသွားရတာ ဝါသနာမပါဘူးမို့လား...။စိတ်မပါတာကိုလုပ်ရတဲ့သူက ပိုပြီးပင်ပန်းမှာပဲ...၊ဆောရီးပါနော်..."

"ကိုယ့်မိန်းမလက်ဆွဲပြီးတော့ လိုချင်တာတွေလိုက်ဝယ်ပေးရတာကို ဘာကိစ္စပင်ပန်းရမှာလဲ...။စျေးဝယ်ရတာ ဒီလောက်ပျော်စရာကောင်းမှန်း အရင်က တကယ်မသိခဲ့ဘူး..."

"အဟွန်း..အခြွေစကားတွေ လာပြောနေပြန်ပြီ...။ဒါနဲ့ ကို မနက်ဖြန်ရုံးသွားရမှာလားဟင်..."

"မသွားရဘူးလေ သွားစရာမလိုဘူး...။တက်ရမဲ့ Meeting တက်ပြီးတော့ ပြောရမဲ့ဟာ အကုန်ပြောပြီးပြီ...။ကျန်တာ သူတို့ကြည့်လုပ်လိမ့်မယ်..."

"အွန်း ကိုအလုပ်လုပ်နေရင် တစ်ယောက်ထဲဖြစ်နေမှာစိုးပြီးတော့ ရုံးမသွားဘဲလဲမနေနဲ့ဦး...။ကိုရုံးသွားနေတုန်း မေမေတို့အိမ်သွားနေလဲရတယ် ဘာမှမဖြစ်ဘူး...။ခုထိမသင်ရသေးတာတွေ အများကြီးကျန်နေသေးတော့ မပြန်ခင်လေးကို ထပ်သင်ရဦးမှာ..."

"ဘာကိစ္စသင်နေမှာလဲ သဲရယ်...။သဲ ဘယ်လိုချက်ချက် ကိုယ့်အတွက်က စားကောင်းတယ်...။ပြီးတော့ အဲ့လောက်ထိလဲမလိုအပ်ပါဘူး...။တကူးတကချက်ပြုတ်နေရအောင် ကိုယ်က အဲ့လောက်လဲအစားမမက္ဘူး...။တကယ်တမ်းပြောရရင် အစားမက္တဲ့ကိုယ့်ရဲ့အသဲကိုပဲ ကိုယ်ကချက်ကျွေးချင်တာ..."

"ဘာပဲဖြစ်ဖြစ် ကိုယ့်ယောက်ျားကိုယ်တော့ သူများမိန်းမတွေလို ချက်ပြုတ်ကျွေးချင်သေးတယ်လေ...။ပြီးတော့ သားသမီးတွေရလာရင် ဘယ်လိုလုပ်မလဲ...၊ကိုယ့်သားသမီးကို သူများချက်ပေးတာတွေ မစားစေချင်ပါဘူး...။ကိုယ်တိုင်ပဲ ချက်ပြုတ်ကျွေးမွေးချင်တာ...။မိခင်တစ်ယောက်အနေနဲ့ မလုပ်ပေးနိုင်တာ ဘာမှမရှိချင်ဘူး...။ကိုယ့်လက်နဲ့ပဲ အစကနေအဆုံး အကုန်လုပ်ပေးချင်တယ်..."

You are the only Exception!Where stories live. Discover now