💓The Day We First Met💓

Începe de la început
                                        

"ဒီအိမ်က သဲနဲ့ကိုယ့်အတွက် လပ်ကီးကောင်းတယ်ထင်တယ်...။ရောက်တာနဲ့ ဒီအကြောင်းလေးတွေသိရတယ်...။ချစ်တဲ့စကားတွေပဲ တောက်လျှောက်ကြားနေရတယ်...။ပြီးတော့ အခု ချစ်ခြင်းကိုပြသတဲ့ အပြုအမူတွေလဲလုပ်နေရတယ်...။သဲက ဒီအိမ်ရဲ့ ကောင်းချီးပေးကြိုဆိုခံရတဲ့ အိမ်ရှင်မအစစ်အမှန်ပဲ..."

"အဟွန်း ဘာရယ်ကြောင့်ဆိုတာ အထူးတလည်မရှိရင်တောင် ချစ်ခြင်းမေတ္တာတွေနဲ့ပြည့်နေတဲ့နေရာက ဘယ်နေရာပဲဖြစ်ဖြစ် လပ်ကီးကောင်းနေမှာပဲလေ ဟုတ်တယ်မို့လား..."

ပြောနေရင်းမှ ရုတ်တရက် သူမက တစ်စုံတစ်ခုကိုသတိရကာ မျက်လုံးတွေပြူးသွားရရင်း

"ကို..ကျောက်ခဲလေးရော..."

"ဟွန်.."

"ကျောက်ခဲလေ..၊ခုနက လက်ထဲမှာကိုင်ထားရင်းနဲ့ ဘယ်မှာထားမိမှန်းမသိတော့ဘူး..."

စကားအဆုံးမှာ ငေါက်ခနဲထထိုင်လိုက်သောသူမကြောင့် သူကပါ လိုက်ထရရင်း

"သဲ ဟိုနားမှာတုန်းက ကိုင်ထားတာမို့လား...။ကိုယ် ကုတင်ပေါ်ပွေ့ချီလာတော့ ဘယ်နားလွှတ်ချမိသေးလဲ..."

"ဟင့်အင်း..လွှတ်မချခဲ့ဘူး...။အဲ့ဒါဆို ကုတင်ပေါ်မှာပဲရှိမှာ.."

သူမက ပြောလည်းပြော ရှာလည်းရှာကာ ခေါင်းအုံးတွေကိုလှန်လှောကြည့်နေလျှင် သူသည်လည်း အတူလိုက်ရှာရင်းမှ စောင်ကိုမပြီး ကြည့်လိုက်စဉ်မှာ ခြေရင်းဘက်ထောင့်နားလေး၌ ပြုတ်ကျတော့မယောင်ဖြင့် ကပ်နေသည်ကို တွေ့လိုက်ရလေသည်။ထိုအခါ သူက ကျောက်ခဲကို ထွက်ပြေးသွားမှာစိုးသည့်အလား အမြန်ကောက်ယူလိုက်ရင်း

"သဲလေး တွေ့ပြီ..၊ဒီမှာ ရော့.."

ထိုသို့ဖြင့် လက်ထဲထည့်ပေးလိုက်သည်နှင့် စိန်လက်စွပ်ပြန်တွေ့သလို ပျော်သွားရသောသူမက အခုမှပင်ဟင်းချနိုင်ကာ

"ဟူး.....တော်ပါသေးရဲ့။ဒါပျောက်လို့ လုံးဝမဖြစ်ဘူး...။တော်ပြီ ကိုင်မထားတော့ဘူး..၊သိမ်းထားလိုက်တော့မယ်..."

ပြောပြီး ကုတင်ပေါ်ကနေဆင်းကာ အံဆွဲထဲသို့ သေချာသွားထည့်သောသူမကို ပြုံးကြည့်နေမိရင်း ကုတင်ပေါ်သို့ပြန်တက်လာသည်နှင့် သူက ဆွဲဖက်ပြီးထွေးပွေ့ထားလိုက်ရင်းမှ

"ဟိုးအရင် ကိုယ့်လက်ကိုလာတွဲတဲ့ငါးနှစ်သမီးလေးက အခု ကိုယ့်ရင်ခွင်ထဲပြန်ရောက်လာပြီပဲ...။အခုတော့ ဘယ်သူ့ဆီမှ ပြန်အပ်စရာမလိုတော့တဲ့ ကိုယ့်မိန်းမဖြစ်သွားပြီ...။ကိုယ့်ရဲ့ ကလေးလေး အသဲလေး အချစ်ဆုံးလေး အရမ်းချစ်တယ်..."

"အဟွန်းဟွန်း အရမ်းချစ်တယ်..."

"အိပ်တော့နော်...။ဈေးတွေပတ်ဝယ်ထားတာနဲ့ စိတ်တွေလှုပ်ရှားရတာနဲ့ ပင်ပန်းနေပြီ..."

"အွန်း အိပ်မယ်..."

လွန်ခဲ့သည့်အနှစ်နှစ်ဆယ်ခန့်လောက်က လက်တွဲထားခဲ့သောအနေအထားဆိုလျှင် အခုကတော့ နှုတ်ခမ်းချင်းထိစပ်ထားရမည့်အနေအထားဟုတွေးကာ သူက အိပ်ပျော်သွားသည့်တိုင်အောင် သူမ၏နှုတ်ခမ်းတွေကို တစ်ညလုံးမလွှတ်ခဲ့ချေ။ထို့အပြင် ဒီညမှာတော့ နှစ်ယောက်လုံးက ပိတ်ချင်းမြောင်မှာ စတင်ဆုံခဲ့ရသည့်အချိန်လေးအား အစကနေအဆုံး ကိုယ်စီအိမ်မက္မက္ခဲ့ကြပြီး အိမ်မက္ထဲမှာ အပြင်နှင့်မတူသည်က သူ့အိမ်မက္ထဲတွင် သူမ၏လက်ကို သူကလွှတ်မပေးခဲ့ဘဲ သူမ၏အိမ်မက္ထဲတွင်တော့ သူ့လက်ကိုဆွဲကာ သူခေါ်ရာနောက်ကိုသာ လိုက်သွားခဲ့ခြင်းဖြစ်လေသည်။

-----------------------**************-------------------------

You are the only Exception!Unde poveștirile trăiesc. Descoperă acum