💓The Day We First Met💓

Start from the beginning
                                        

ပြောပြီးလျှင် အပေါ်သို့တိုးကပ်လာကာ သူ့ပါးပြင်ကို လက်နှစ်ဖက်နှင့်ညှပ်ကိုင်ပြီး နှုတ်ခမ်းလေးကတော့ အသာဖိကပ်နမ်းရှိုက်လာရင်း

"အရမ်းချစ်တယ်..."

သူက သူမ၏စကားကို အသာပြုံးကာနားထောင်နေရာမှ မျက်နှာလေးကိုတည့်တည့်စိုက်ကြည့်၍

"အရမ်းချစ်တာပေါ့ သဲရယ်..."

ထိုသို့ဖြင့် အားမလိုအားမရဖြစ်ကာ ထပ်မံပွေ့ဖက်လာသော သူ့လက်တွေကြားထဲမှာ အချိန်အတန်ကြာအောင်နေပြီးမှသာလျှင် ရေချိုးခန်းထဲသို့ရောက်ရလေသည်။ထို့နောက် နှစ်ယောက်သား ရေချိုးပြီး ကုတင်ပေါ် ပြန်ရောက်သောအခါ သူမက သူ့ရင်ခွင်ထဲသို့တိုးဝင်လိုက်ရင်း

"ကို အဲ့တုန်းက ဓာတ်ပုံတွေဘာတွေရိုက်ထားတာရှိလား...။သဲဆီမှာတော့ အဲ့နေ့ကပုံတွေရှိတယ် သိလား...။နေဦး..ကိုကြီးကို ph ဆက်ပြီးတော့ ရှာခိုင်းဦးမယ်..."

ပြောရင်းဆိုရင်း ချက်ချင်းပင် ကုတင်ပေါ်ကနေထထိုင်ကာ ph ဆက်ဖို့လုပ်နေသောသူမကို သူက လှမ်းဆွဲထားလိုက်ရင်းမှ ကပျာကယာတားရသည်။

"နေဦးလေ သဲလေးရဲ့၊ဒီအချိန်ကြီး အရင်တုန်းကပုံတွေရှာခိုင်းလို့ ဘယ်လိုလုပ်အဆင်ပြေမှာလဲ...။မနက်ရောက်အောင်တော့ စောင့်လိုက်ပါဦး...။ကိုယ်လဲ မနက်ဖြန်ကျရင် မေမေတို့အိမ်သွားပြီးတော့ ကိုယ့်ပုံတွေကိုရှာပေးမယ်နော်..."

သို့နှင့် သူပြောမှပင် အချိန်ကိုသတိရသွားသောသူမက

"ဟုတ်သားပဲ မိုးချုပ်နေပြီ...။အာ့ဆို မနက္မှပဲ ဆက်ရတော့မှာပေါ့။ဒါပေမဲ့ အဲ့တုန်းကပုံလေးတွေကို ကြည့်ချင်လှပြီ..."

"အဟွန်း..အဲ့တုန်းကပုံလေးတွေထက် အခု လူတစ်ယောက်လုံးကိုတောင် ပိုင်ပြီးပြီလေ သဲရယ်...။ပုံကြည့်ဖို့အတွက်ကိုတော့ ခဏလောက် သည်းခံလိုက်ဦးလေနော်..."

"အဲ့တုန်းက လူတစ်ယောက်လုံးကိုတောင် ပိုင်ပြီးပြီ...။အဟင်း အဲ့စကားကိုကြိုက်တယ်..."

"အဲ့လိုပြောတဲ့လူကိုရော..."

"အရမ်းချစ်တယ်..."

"ကြိုက်ရောကြိုက်ရဲ့လား..."

"ကြိုက်တာပေါ့..."

You are the only Exception!Where stories live. Discover now